အခန်း ၁၀ - ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးကို အိမ်ပြန်ခေါ်မယ်

7.8K 838 31
                                    


"ဆရာလု... လေယာဉ်က နာရီထွက်တော့မှာ။ ကျွန်တော်တို့ Check in လုပ်ရဦးမယ်။ "

လက်ထောက်ကနေ စကားပြောလို့မပြီးသေးခင်မှာ လုကျင်းညန် ဖြတ်ပြောလိုက်သည်။

"မင်း ဒီနားက အနီးစပ်ဆုံး တက္ကစီဂိတ်မှာ ဆင်းလိုက်"

"ဟမ်" လက်ထောက်ဟာ တုန်လူပ်သွားပြီး ဆက်မေးမလို့လုပ်နေတုန်းမှာပဲ လုကျင်းညန်ကနေ...

"ငါ ဒီနေ့ရောမကို မသွာတော့ဘူး။ မနက်ဖြန် မနက်ကို ပြောင်းလိုက်။ "

လက်ထောက် ကားထဲကနေထွက်ပြီးနောက်မှာ လုကျင်းညန်ဟာ Driver ခုံကို ပြောင်းထိုင်ခဲ့သည်။

ကားစတီယာတိုင်ကို ဖမ်းဆွဲလိုက်ပြီး ၎င်းကို အသာအယာဖြည်းဖြည်းချင်း ပုတ်လိုက်လျက် ။

နောက်ဆုံးမှာ သော့ကို စိတ်ဆိုးမာန်ဆိုးနဲ့ လှည့်လိုက်ပြီးနောက် မြို့ထဲသို့ ပြတ်ပြတ်သားသား မောင်းနှင်ခဲ့၏ ။

_____

'အချိန်လွန်' ဂုဏ်ပြုညစာစားပွဲအပြီးမှာ ရှောင်မန်းဟာ ချောင်အန်းဟောင်ကို မီယန်ရှူး ဥယျာဉ်သို့ မောင်းပို့ပေးခဲ့သည်။

ထိုနေရာမှာ တောင်တန်းများဝန်းရံထားသည့် ဘေကျင်းရဲ့ ဂုဏ်သတင်းကြီးမားသော ဒေသဖြစ်၏ ။

ကုန်းမြေရဲ့တစ်လက်မစီတိုင်းက အလွန်တရာမှ အဖိုးတန်ပြီး စရိတ်ကြီး၏ ။

ဤနေရာသည် လုကျင်းညန် နှင့် ချောင်အန်းဟောင်တို့နေထိုင်ရာ အိမ်တော် တည်ရှိခဲ့သည်။

ရှောင်မန်းဟာ အိမ်တော်ရှေ့မှာ ကားဖြည်းဖြည်းရပ်လိုက်သည်။

မိုးသည် လူသွားစင်္ကြံမှ ဖုန်များပြောင်ရှင်းသွားသည်အထိ ရွာချပြီးနောက် တိတ်သွားတော့သည်။

နွေးထွေးသော အဝါရောင်လမ်းမီးတိုင်ရဲ့ အလင်းက မိုးရေအိုင်ကို ထင်ဟပ်စေသည့်အခါ ရောင်ခြည်တန်းများက အဘက်ဘက်ကို အလင်းပြန်ခဲ့၏ ။

ရှောင်မန်းကို နူတ်ဆက်ပြီးနောက် ချောင်အန်းဟောင်မှာ သူမအိမိတော်ရဲ့ တံခါးမကြီးကိုဖွင့်ဖို့ သူမအိတ်ထဲက သော့မနှိုက်ခင်မှာ သူမမြင်ကွင်းကနေ ရှောင်မန်းထွက်သွားသည်အထိ စောင့်နေခဲ့သည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now