အခန်း ၁၃၆ +၁၃၇ +၁၃၈ + ၁၃၉

2.1K 211 8
                                    

ချောင်အန်ရှား ကားထဲတွင် ထိုင်ခဲ့သည်။

သူမ၏မှန်မှတဆင့် လု၏ဖျော့တော့သောပုံရိပ်ကို အဝေးမှ သူမမြင်ရသည်။

( လုက ကားနဲ့ဝေးဝေးရောက်သွားတော့ အန်ရှားကားထဲကနေ မြင်နေရတာက လူကောင်သေးသေးလေးဖြစ်သွားတယ်ကို ကွန့်ရေးထားတာ)

နောက်ဆုံးတွင် သူမ၏မျက်လုံးများဟာ နီရဲလာ​၏ ။

-

ဓာတ်လှေကားသည်အပေါ်ဆုံးထပ်သို့ ရောက်သောအခါ လု ထွက်သွားသည်။

သူ၏လက်ထောက်က စာရွက်စာတမ်းအချို့ကိုပွေ့ဖက်ကာ သူ့အိမ်ရှေ့တွင်စောင့်နေသည်။

သူက "ဆရာ လု နေ့ခင်းပိုင်းမှာကုမ္ပဏီရဲ့ဒုတိယဥက္ကဌက ကျွန်တော်တို့ဆီ စာရွက်စာတမ်းအနည်းငယ်ပေးဖို့ တစ်စုံတစ်ယောက်ကို စေလွှတ်ခဲ့တယ်။

သူတို့ကအရေးတကြီးလိုအပ်တယ်လို့ပြောခဲ့တာကြောင့် ကျေးဇူးပြုပြီး စာရွက်တွေကိုကြည့်ပေးပါဦး ။

မေးခွန်းတွေမရှိရင် ကျေးဇူးပြုပြီး ချက်ချင်းလက်မှတ်ထိုးပေးပြီး ဖြစ်နိုင်ရင် သူတို့ကုမ္ပဏီကို ပြန်ပို့လိုက်ပါ။ "

လု က ခပ်ပေါ့ပေါ့ခေါင်းညိတ်လိုက်ပြီး သူ့သော့ကတ်ကို သူ့အခန်းထဲ ဆွဲထုတ်လိုက်သည်။

သူကသူ့ရဲ့ ကုတ်အင်္ကျီကိုချွတ်ပြီး လက်ထောက်ကို ပေး​၏ ။

သူ စာရွက်စာတမ်းများကို ဆိုဖာပေါ်သို့ ယူ၍ ထိုင်လိုက်ပြီး စစ်ဆေးသည်။

စာရွက်စာတမ်းခုနစ်ခုရှိခဲ့ကာ လုအနေဖြင့် သူတို့အားလုံးကိုကြည့်ပြီးလက်မှတ်ထိုးခဲ့​၏ ။

ထိုအချိန် အပြင်ဘက်တွင် မှောင်မိုက်နေခဲ့သည်။


လုက စာရွက်စာတမ်းတွေကို လက်ထောက်ကိုလွှဲပေးလိုက်ပြီး သူ့ကိုကုမ္ပဏီကို ပြန်ပို့ပေးဖို့အချက်ပြလိုက်သည်။

ရှစ်နာရီရှိတာတောင် လု ဘာမစားရသေးပေ။

လက်ထောက်က "ဆရာလု၊ ညစာစားဖို့ ကျွန်တော်မီးဖိုချောင်မှာ ချက်ပေးရမလား? "

သူ တစ်နေ့ခင်းလုံး စာရွက်စာတမ်းအားလုံးကို ဖတ်ခဲ့ခြင်းကြောင့် အားအင်ကုန်ခန်းလာတာဖြစ်မည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now