အခန်း ၁၂ - မေတ္တာတရားရဲ့ လူပ်ရှားမှုအသေးအဖွဲများ

8.2K 865 18
                                    

လုကျင်းညန်ရဲ့ မျက်နှာတိမျက်နှာထား နဲ့ ဖျတ်ခနဲကြည့်တာကို မခံရခင်မှာ ချောင်အန်းဟောင် အကြည့်လွှဲလိုက်လေသည်။

သူမရဲ့မျက်တောင်များကို နိမ့်ဆင်းစေခဲ့လျက် အလှပြင်စားပွဲခုံသို့ သွားခဲ့သည်။

ခုံပေါ်မှာ အိပ်ရာနှင့် မျက်နှာချင်းဆိုင်တည်ရှိနေသည့် မှန်တစ်ချပ်ရှိခဲ့၏ ။

သူမ ထိုမှန်ထဲကနေပဲ လုကျင်းညန်ကို ခဏခဏဖျတ်ခနဲ ကြည့်လို့ရခဲ့သည်။

ကနဦးအစမှာတော့ ချောင်းကြည့်ရုံသာ တတ်နိုင်ခဲ့လေရာ လုကျင်းညန် အိပ်မောကျသွား၍ သူ့မျက်လုံးတွေ လုံးဝမပွင့်တော့ဘူးဆိုတာကို သိသွားပြီးတဲ့နောက်မှာတော့ မှန်ထဲကနေ သူ့ကို တိတ်တိတ်ကလေး ကြည့်ရဲခဲ့သည်။

လုကျင်းညန်ရဲ့မျက်နှာမှာ ချောင်အန်းဟောင်ရဲ့ အာရုံထဲ၌ စွဲထင်ကျန်ရစ်နေခဲ့ပေသည်။

သူမ မျက်စိများမှိတ်ထားခဲ့ရုံပင် သူ့ပုံရိပ်များကို အသေးစိတ်မှတ်မိ၍ မြင်နိုင်ခဲ့သည်။

လွန်ခဲ့သော ၃ နှစ် ... သူတို့စတွေ့သည့် ပထမနေ့ကတည်းကပင် သူ့မျက်နှာကို ကြည့်နေရင်း စိတ်ဂနာမငြိမ်ဖြစ်ဖြစ်သွားသည်ကို ဘယ်တော့မှ မထိန်းနိုင်ခဲ့ပါ။

အေးစက်စက်နိုင်လွန်းသော လုကျင်းညန်ပုံစံမှာ မျက်လုံးများမှိတ်ထားသည့်အခါ သူ့မျက်နှာပေါက်သည် နူးညံ့သိမ်မွေ့ဟန်ရှိခဲ့၏ ။

သူ့ပုံစံက ချောင်အန်းဟောင်ကို ညို့ယူဖမ်းစားနိုင်ခဲ့သည်မှာ သူမအနေဖြင့် သူမလိမ်းနေသော မျက်နှာလိမ်း cream ကို လိမ်းဖို့မေ့ခဲ့သည်အထိ၊ cream များ ကြမ်းပြင်ပေါ်ကို ဖိတ်ကျသည်အထိပင် ဖြစ်ခဲ့တော့သည်။

၎င်းသည် တစ်ဖက်သတ်အချစ်ဖြစ်ခဲ့သည်မှန်သော်လည်း သူ့ကိုနီးနီးကပ်ကပ်ကြည့်ခွင့်ရရုံနဲ့တင် သူမ၏ ဆဲလ်တစ်ခုချင်းစီကို နွေးထွေးသွားစေခဲ့ပြီး ပျော်ရွှင်ကြည်နူးနေခဲ့ရသည်။

လုကျင်းညန် မျက်လုံးဖွင့်နေခဲ့လျှင် သူမ သူ့ကို အခုလိုမျိုး သေသေချာချာ စိုက်မကြည့်နိုင်ပါ။ သူမအနေဖြင့် ညို့အားပြင်းလွန်းသော သူ့အသွင်ပုံသဏ္ဍာန်အောက်မှာ နစ်မျောခဲ့ရသည်မှာ မကြာခဏ ဖြစ်ခဲ့ရုံသာမက သူနှင့်ပတ်သက်သည့် သူမရဲ့ခံစားချက်များကို ထင်ရှားပေါ်လွင်ခဲ့ပေသည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SDonde viven las historias. Descúbrelo ahora