အခန်း ၁၀၃

3K 267 20
                                    

အဲဒီအချိန်ထဲက လုတစ်ယောက် ချောင့်ကို သဘောကျနေခဲ့တာဖြစ်မည်။

အချစ်ဆိုတာဘာလဲ သို့မဟုတ် ဘယ်လိုမျိုးလဲဆိုတာ မသိတဲ့ လူပျိုပေါက်လေးရဲ့နှလုံးသားဟာ အတော်လေး ရုန်းကန်ခဲ့ရမည်။

နေ့တိုင်း ကျောင်းဆင်းရင် ဘောလုံးကန်သည်။

ချောင့်ကို တွေ့ရရင် စိတ်သက်တောင့်သက်သာဖြစ်သည်။

မတွေ့ရတဲ့နေ့ဆို သူ့အတွက် ဘာလိုနေမှန်း မသိခဲ့။

တစ်နှစ်ကြာတဲ့အထိ လုတစ်ယောက် ချောင်ါကို ကြိတ် crush ခဲ့တာ တစ်နေ့တော့ ကျောင်းအဆင်း မိုးသည်းကြီးမည်းကြီးရွာလေတော့ သူမနှင့် နီးကပ်ခွင့်ရခဲ့တာပေါ့။

ချောင်ဟာ သူမလွယ်အိတ်ကို ခေါင်းပေူကနေ ကာရင်း မိုးခိုဖို့ အမိုးအောက်ဆီ ပြေးလာတာ မြင်ခဲ့​၏ ။

အဲဒီတော့ သူ့လွယ်အိတ်ထဲကနေ ထီး ထုတ်ခဲ့သည်။

သူ့ကိုယ်သူ ဘာဖြစ်မှန်းမသိ ထီးကို ပြန်ထည့်ထားလိုက်ပြီး အမိုးအောက်ကို သွားရင်း သူမနောက်ကို လိုက်ခဲ့တော့သည်။

ဂျေချိုးကို သူနားထောင်နေခဲ့ပေမယ့် သီချင်းကို ပိတ်ပြီး သူမဆီ ကပ်ခဲ့သည်။

သူ့နားမှာ နားကြပ်တပ်ထားပေမယ့် မိုးစက်သံတွေကို ကြားနေရခဲ့ရင်း အစမှာတော့ သူမဘက် လှည့်ဖို့ နည်းနည်းကြောက်နေခဲ့​၏ ။

မိုးမတိတ်ခင် သူမကို ကြည့်ဖို့လုပ်နေတုန်း သူမက သူ့ကိုတည့်တည့်ကြည့်နေမှန်းသိတဲ့အခါ အကြည့်တွေ လွဲလိုက်တုန်း သူ ရင်ခုန်သွား​၏ ။

အဲဒီနောက် အထက်တန်းကျောင်းသားဘဝမှာ သူမနဲ့ နီးစပ်ခွင့် ထပ်ရခဲ့ပြန်သည်။

တကယ်တော့ သူဟာ အဲဒီကျောင်းကို ကျူရှင်စရိတ်ဈေးနည်းနည်းကြီးတာမို့ မတက်ချင်ခဲ့ပါ။

သူ့အမေထားခဲ့တဲ့ အမွေလေးတွေကို သုံးပြီး တက်ခဲ့ပြီးပြီ။

ဒါပေမယ့် ရှီကျားမူကနေ သူမ အဲဒီကျောင်းကို တက်မယ်ဆိုတာ သိခဲ့တဲ့အခါ သူ့အမေရဲ့ ရတနာတွေ ပေါင်နှံပြီးအပြင် သူနွေရာသီမှာ အလုပ်လုပ်ရင် ရခဲ့တဲ့ လစာလေးတွေကို တစ်နှစ်စာ ကျူရှင်ဖိုးအတွက် အကုန်သုံးခဲ့သည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now