အခန်း ၇၉

4.9K 430 14
                                    


အိုး... မင်းမရိုးသားဘူးမလား?

ချောင် လှောင်ပြုံးလေးပြုံးနေခဲ့သည်။

ညစာစားပြီးနောက်မှာ အဖွဲ့ဟာ အောက်ဘက်လှေကားက နားနေခန်းထဲမှာ ကတ်တွေကစားကြတာ သီချင်းဆိုနေကြတာ ဒါမှမဟုတ် ​လေ့ကျင့်ခန်းလုပ်ကြရင်း အပန်းဖြေလေ့ရှိကြသည်။

ညစာစားပြီးတဲ့အခါ ချောင်နှင့်သူမရင်းနှီးခဲ့သောမင်းသားများက ကတ်ကစားဖို့တွေ့ရန် ၈နာရီမှာချိန်းဆိုခဲ့ကြသည်။

ထို့ကြောင့် ချောင်ဟာ ညစာစားပြီးတဲ့အခါ ဟော်တယ်နောက်က ဥယျာဉ်ထဲ ရှောင်မန်းနဲ့အတူလမ်းလျောက်ထွက်ခဲ့ပြီးနောက် လှေကားအောက်က နားနေခန်းထဲ သွားခဲ့သည်။

အဲဒီကိုရောက်ခဲ့တဲ့အခါ ဘယ်သူမှမရှိသေးတာကြောင့် ချောင်ဟာလူအနည်းငယ်နဲ့စကားပြောခဲ့ပြီး အိမ်သာထဲသွားခဲ့သည်။

ဟော်တယ်ထဲက အိမ်သာဟာ လှပခမ်းနားစွာ ပြင်ဆင်ထား၏ ။

ချောင်ဟာ အဆင်ပြေတဲ့အခန်းငယ်ထဲ ဝင်သည်။

သူမလည်း တံခါးလော့ချပြီး ခြေသံတွေကိုကြားရသည်။

လူနည်းနည်းဝင်လာတဲ့ပုံပင်။

ချောင် အိမ်သာတက်ဖို့ အဆင်သင့်လုပ်နေတုန်း အပြင်ဘက်ကအသံတစ်ခုကို ရှင်းလင်းစွာကြားခဲ့၏ ။

"လုကြီးက အရမ်းဆိုးတာပဲ...သူမို့အကြမ်းတမ်းဆုံးပြောထွက်ရက်တယ်.."

ချောင် သေချာနားထောင်နေခဲ့သည်။

"ဟုတ်တယ်မလား? သူကအတော်ဆုံးမင်းသားဆိုပြီး မလေးမစားလုပ်တာ"

အစ်မ ရှီးရီက ဘာမှမလုပ်ခဲ့ပါဘူး... လူတိုင်းလိုလို သီချင်းဆိုနေကြတာလေ...အစ်မလည်း တစ်ချိန်လုံးတစ်ယောက်ထဲထိုင်နေခဲ့တဲ့ လုကိုမြင်တော့ ဂရုဏာနဲ့သီချင်းဆိုမလားမေးလို့ရမလားခင်ခဲ့တာပဲရှိတာကို...သူက ကြောက်စရာကောင်းအောင်ပြောထွက်တယ်..မကြားဝံ့မနာတာ..."

ချောင်ဟာ လင်ရှီးရီနာမည်ကြားတာနဲ့ ပျော်သွား၏ ။

"ဟုတ်တယ်မလား? ဘာလို့ယောကျာ်းတကာကို ထိချင်နေရင် ရုပ်ရှင်မရိုက်ဘဲ နိုက်ကလပ်သွားလို့ပြောထွက်ရတာလဲ? "

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now