အခန်း ၄၁ - ပြဿနာဖြစ်မှာစိုးတယ်

5.7K 578 30
                                    

ရိုက်ကူးရေးတစ်ဖွဲ့လုံးအတွက် အခန်းများ အလုံအလောက်မရှိခဲ့တာကြောင့် နာမည်ကြီးမင်းသားမင်းသမီးများအတွက်သာ တစ်ယောက်ချင်းစီ သီးသန့်အခန်းများသာရရှိခဲ့သည်။

ကျန်သည့်အခန်းများက သူတို့ရဲ့ မန်နေဂျာများအတွက်သာ...

ဟော်တယ်မှာ အနားယူကြပြီးနောက် ရှောင်မန်းနဲ့ ချောင်အန်းဟောင်တို့ တတိယထပ်က စားသောက်ဆိုင်မှာ ညစာစားဖို့ သွားကြသည်။

ညစာဟာ ဘူဖေးစတိုင်ဖြစ်ပြီး သူတို့တစ်ယေညက်ီ ပန်းကန်တစ်ချပ်နဲ့ ကြိုက်ရာအစားအစာယူကြ၏ ။

ထိုင်ဖို့ခုံရှာနေကြတုန်း ပြတင်းပေါက်နားမှာ ထိုင်နေခဲ့တဲ့ ဆရာဆန်းမှ လက်ယမ်းပြလိုက်သည်။

"ချောင်အန်းဟောင် ဒီမှာလာထိုင် ၊ မနက်ဖြန် ရိုက်ကူးဖို့အတွက် ဆွေးနွေးကြရတာပေါ့"

ဆရာဆန်းဟာ ခုံခြောက်ခုံပါရှိသော စားပွဲခုံ၌ ထိုင်နေသည်။

ငါး ခုံစလုံးဟာ ဒါရိုက်တာများ၊ ခေါင်းဆောင်မင်းသား ချန်ယန်း၊ ဆောင်ရှန်စီ နှင့် ပြည့်နေခဲ့ပြီး တစ်ခုံသာ လွတ်၏ ။

တိုက်တိုက်ဆိုင် လွတ်နေသည့်ခုံက လုကျင်းညန် အနားမှာပင်။

ချောင်အန်းဟောင် ပန်းကန်ပြားကို ယူလာပြီး ထမင်းစားပွဲသို့ လမ်းလျောက်ခဲ့သည်။

သူမ တုံ့ဆိုင်းဆိုင်းဖြစ်နေခဲ့ပြီး ဆရာဆန်း ဓမကို နောက်ထပ်စကားပြောလျှင်ပြောချင်း လုကျင်းညန်ကို ကြည့်လိုက်သည်။

သူမ ယောကျာ်းဟာ သူ့အစာကို တကျွတ်ကျွတ်ဝါးရင်း စကားတစ်ခွန်းမှ မပြောပဲ သတိမမူနေ၏ ။

အားလုံးကတော့ ဒါရိုက်တာ ဆရာဆန်းကို အာရုံစိုက်နေကြ၏ ။

ချောင်အန်းဟောင်ကတော့ သူမတူကို လုပ်တောင်မရဲ...

ဖြည်းဖြည်းသာသာလေး ထိုင်ရင်း... ဆရာဆန်းကိုပဲ အာရုံအပြည့်စိုက်သည်။

ဆရာဆန်းလည်း စကားဖြတ်ချပြီး အားလုံးလည်းဆက်စား၏ ။

ဆရာဆန်းက ချောင်အန်းဟောင်ရှေ့မှာ ထိုင်၏ ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now