အခန်း ၁၅ - မေတ္တာတရားရဲ့လူပ်ရှားမှုအသေးအဖွဲများ

7.2K 741 13
                                    


လုကျင်းညန်ရဲ့ သရော်လှောင်ပြောင်မှုကြောင့် ချောင်အန်းဟောင်ရဲ့ မျက်နှာမှာ ဖြူဖက်ဖြူရော်ဖြစ်သွားတော့သည်။

လွန်ခဲ့သော ၃ လ ကဖြစ်ခဲ့သလိုမျိုး ဖြစ်တော့မည်။

သူမရှင်းပြဖို့ကြိုးစားသည်ကို သူ နားမထောင်ခဲ့ပါ။

နာကျင်မှုကို ဥပေက္ခာပြုလျက် ...

" အဲဒါ တမင်သက်သက် လုပ်တာမဟုတ်ဘူး "

လို့ တီးတိုးပြောလိုက်၏ ။

" တမင်လုပ်တာ မဟုတ်ဘူးပေါ့ "

လုကျင်းညန် မျက်လုံးများ မီးဝင်းဝင်းတောက်လာပြီး ငေါ့တော့တော့ ရယ်လိုက်သည်။

သူ၏ နောက်ထပ် မထိတထိ ဝေဖန်ပြောဆိုမှုက မငဲ့မညာဖြစ်ခဲ့သလို ရက်စက်ခဲ့၏ ။

" ဒေါ် ချောင်အန်းဟောင် ... ငါ မင်းကိုလေ သူများဆီက အခွင့်အရေးယူဖို့အတွက်နဲ့ မင်းအရည်အချင်းကို ကောင်းကောင်းကြီး အသုံးချပြီး
လိမ်တတ်ခဲ့မယ်လို့ မထင်ခဲ့မိဘူးကွာ ...

အဲဒီနေ့ ငါအရက်မူးတဲ့နေ့ကပေါ့ ... သေချာတာကတော့ မင်း ငါ့ကုတင်ပေါ်တက်ခဲ့တာပဲ ... ငါအမှတ်မမှားဘူးဆိုရင် မင်းကတော်တော်လေး ငါ့ကို မင်းနဲ့အိပ်ဖို့ ခွင့်တောင်းနေရင်းတောင် စိတ်အားထက်သန်ခဲ့တာ "

လုကျင်းညန်၏ စကားလုံးများက ဓားတစ်ချောင်းလို့ သူမ၏နှလုံးသားကို ထိုးစိုက်စေခဲ့ပြီး စကားလုံးတစ်လုံးချင်းစီတိုင်းက သူမရဲ့နှလုံးသားကို သေရာပါဒဏ်ရာများ ပေးနေတော့သည်။

သူမ မျက်ဝန်းများ နီမြန်းလာတော့၏ ။

ထိုည၌ သူမ တကယ်ချည်း သူ့ကိုခွင့်တောင်းခဲ့၏ ။

သို့သော် သူမလည်း တကယ်ကို အရက်မူးနေခဲ့ခြင်းပင်။

အိမ်မက်မက်နေသည့်အထင်ဖြင့် သူမ နူးညံ့စွာ မေးခဲ့မိ၏ ...

" ရှင့် ရဲ့ မိန်းမ ဖြစ်လို့မရဘူးလားဟင် "

ချောင်အန်းဟောင်လည်း လုကျင်းညန်အနေနှင့် ထိုညက အဖြစ်အပျက်ကို အသုံးချပြီး သူမကိုဘသရော်ခဲ့လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now