အခန်း ၄ - ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးကို အိမ်ပြန်ခေါ်မယ်

9.4K 898 15
                                    


တစ်နေ့ခင်းလုံး အစည်းအဝေးလုပ်ခဲ့၍ လေယာဉ်ကြာကြာစီးပြီးနောက် လုကျင်းညန်အနေဖြင့် အတော်လေးခရီးပန်းခဲ့သည်။

သူ့ရဲ့ရုံးခန်းတွင်ထိုင်လျက် လက်ထောက်မှ သူ့အတွက်အချိန်ဇယားများကို အစီရင်ခံတင်ပြနေစဉ်မှာ ဖုန်းကိုတစ်ချက်ထုတ်ကြည့်လိုက်သည်။

သူ့ရဲ့ဖုန်းကို ပိတ်ဖို့လုပ်နေတုန်းမှာပင် message တစ်စောင်ဝင်လာခဲ့၏ ။

လုကျင်းညန်မှာ ထိုmessageကို ချောချောမွေ့မွေ့ပဲဖွင့်ဖတ်လိုက်သည်။

" 'အချိန်လွန်' ရုပ်ရှင်ရိုက်ကူးမှူပြီးသွားပါပြီ ကျင်ချန်းဟော်တယ်မှာ ဒီည ၈နာရီ အောင်ပွဲခံဂုဏ်ပြုညစာစားပွဲရှိတယ်။ အချိန်ရရင် လာခဲ့ပါ။ "

ဂရုမစိုက်ဟန်ဖြင့် ခေါင်းကိုမော့ခြင်းမတိုင်မီ message ကို ငါးစက္ကန့်လောက် စိုက်ကြည့်နေခဲ့သည်။

လက်ထောက်ရဲ့ အစီရင်ခံမှုများကို အသိအမှတ်ပြုလျက် ခေါင်းညိတ်ပြခဲ့၏။

လုကျင်းညန်ရဲ့ လက်ထောက်မှာ သူ့ထံတွင်နှစ်ပေါင်းများစွာ ကြာအောင် အလုပ်လုပ်လာခဲ့ပြီးသဖြင့် သူ့ဆရာ၏ အဖက်မလုပ်သောပင်ကိုယ်စရိုက်ကို နေသားကျရင်းနှီးနေခဲ့ပြီဖြစ်သည်။

ဘယ်အရာမဆို စိုးရိမ်ကြောင့်ကြပူပန်မှုကင်းခဲ့သော လုကျင်းညန်ကို မနှောင့်ယှက်ခဲ့ပေ။

ထို့နောက် စကားဆက်ပြောခဲ့သည်။

"လေယာဉ် မထွက်ခင် ၆နာရီအချိန်ရတယ် ဆရာ။ ညစာကို မြို့ထဲမှာ ဒါမှမဟုတ် လေဆိပ်မှာပဲ စားချင်လားဆရာ "

"မြို့ထဲမှာ" လို့ ခေါင်းမူးမူးဖြင့် ပြန်ပြောခဲ့သည်။

လက်ထောက်ကနေ ဘယ်နေရာမှာလဲလို့ မမေးခဲ့ခင် "ကျင်ချန်းဟော်တယ်" လို့ဆက်ပြောခဲ့၏ ။

လုကျင်းညန် နှင့် သူ့လက်ထောက် ညစာစားလို့ပြီးချိန်မှာ ၈ နာရီခွဲခဲ့သည်။

နှစ်ယောက်သား အဓိကတံခါးမကြီးဆီ ရှေ့ဆက်မသွားခင် ကျသင့်ငွေပြေလွှာအား ကြွေးစာရင်းပေးသွင်းခဲ့ကြ၏ ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now