အခန်း ၄၀ - ပြဿနာဖြစ်မှာစိုးတယ်

5.5K 540 1
                                    

ရုပ်ရှင်စရိုက်သည့် ပထမနှစ်ရက်ထိ ချောင်အန်းဟောင် ပါဝင်ရသောဇာတ်ခန်းမရှိခဲ့ပေ။

သို့သော် သူမသည် ရိုက်ကူးရေးနေရာကို အကျွမ်းဝင်စေရန် နှင့် ရုပ်ရှင်ရိုက်ကူးမှုကို ကြည့်ရန် အချိန်မှန်လာခဲ့၏ ။

ရုပ်ရှင်စရိုက်သည့် ပထမဆုံးနေ့တွင် လုကျင်းညန်မှာလည်း ရိုက်စရာဇာတ်ခန်းမရှိခဲ့။

ထို့ကြောင့် သူမလာခဲ့ပေ။

ဒုတိယနေ့မှာတော့ သူ့အခန်းတစ်ခန်း ပါသည်။

မနက် ၁၀ နာရီမှာရောက်နေပြီး ပြင်ဆင်ဖို့ အလျင်မလိုခဲ့။

အဲ့ဒီအစား ရုပ်ရှင်ရိုက်ကူးမှုကို လေ့လာဖို့ ထိုင်ခုံတစ်လုံးတွင်သာ ထိုင်ခဲ့သည်။

လုကျင်းညန် ဇာတ်ကားမှာ ပါဝင်လာတာကြောင့် ဘာအခန်းမှ ရိုက်စရာမရှိတဲ့ မင်းသားများတောင် လာခဲ့လေသည်။

မည်သို့ဆိုစေ လုကျင်းညန်ရဲ့ အေးစက်စက် အချေကြီးမှုကြောင့် သူ့အနားမကပ်ရဲခဲ့ကြဘဲ သူ့ပတ်လည်လည် သုံး မီတာအကွာတွင်သာ ရှိနေခဲ့ကြပေ၏ ။

နေ့လည်စာစားချိန်မှာ လူတိုင်းအစားအစာယူဖို့ စုဝေးနေကြ၏ ။

လုကျင်းညန် ကတော့ ခပ်တည်တည်ပင်။

ပေးလာတဲ့ အစားအစာမှန်သမျှ လက်ခံခဲ့ပြီး ငြိမ်ငြိမ်လေးသာ ထိုင်စားနေလျက်။

အစာစားပြီးနောက် သူ့အခန်းရိုက်ဖို့ အဝတ်လှဲခန်းကို ဝင်သွားခဲ့၏ ။

ဒီနေ့ သူ့အခန်းမှာ ဆောင်ရှန်စီ နှင့် ဖြစ်၏ ။

ဆောင်ရှန်စီဟာ မနက်မိုးလင်းကတည်းက စရုပ်ရှင်ရိုက်ကူးခဲ့ရသူဖြစ်ပြီး နေ့လည်စာအတွက် အဆင်သင့်ပြင်ဆင်ပေးခြင်းကို ခံခဲ့ရသည်။

ဆောင်ရှန်စီရဲ့ မိတ်ကပ်ဆရာမှာ လုကျင်းညန်အဆင်သင့်ဖြစ်ပြီဆိုကတည်းက သူတို့နှစ်ယောက်စလုံး ရုပ်ရှင်အဖွဲ့နဲ့ ရိုက်ကူးဖို့နေရာမယူကြခင် သူမကို မိတ်ကပ်ပြင်ပေးဖို့ ချက်ချင်းလာခဲ့တော့သည်။

လုကျင်းညန် နဲ့ ဆောင်ရှန်စီ နှစ်ယောက်စလုံးဟာ တစ်ချိန်ထဲမှာတင် ပွဲဦးထွက်အသုံးတော်ခံခဲ့ကြပြီး ရုပ်ရှင်ကိုဝက်ဝက်ကွဲအောင် ကြိုက်ကြသည့် ပရိတ်သတ်များရှေ့မှောက်မှာ အတူသရုပ်ဆောင်ခဲ့ကြ၏ ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now