အခန်း ၃၈ - ပြဿနာဖြစ်မှာစိုးတယ်

5.9K 593 4
                                    

ချောင်အန်းဟောင် ဆရာဆန်းနှင့် စကားအနည်းကျဉ်းသာပြောသည်။

သူတို့နူတ်ဆက်မထွက်ခွာခင် ဆရာဆန်းမှာ ချောင်အန်းဟောင် အနာဂတ်မှာ သင့်တော်သော ရုပ်ရှင်ထုတ်လုပ်မှုများရှိပါက သူမကို အဆက်အသွယ်ပြုနိုင်အောင် ဖုန်းနံပါတ်တောင်းဆိုခဲ့ခြင်းပင်။

ချောင်အန်းဟောင်အမြင်မှာ ဆရာဆန်းကို ဖုန်းနံပါတ်ပေးလိုက်ခြင်းသည် ပုံမှန်သာ။

သူတို့ ဖုန်းနံပါတ်အချင်းချင်းပေးကြပြီးနောက် ဆရာဆန်းဟာ

" ချောင်အန်းဟောင်... ကျွန်တော် သွားစရာရှိသေးလို့ ၊ သွားနှင့်ပြီဗျာ "

သူမ ဆရာဆန်းကို ကားတံခါးကူဖွင့်ပေးဖို့ ချက်ချင်း ကားလက်ကိုင်ကို ဆွဲခဲ့သည်။

သူ ထိုင်ခုံမှာနေရာတကျထိုင်ခဲ့ပြီးနောက် သူမ သူ့ကို ချိုချိုသာသာ နူတ်ဆက်ခဲ့သည်။

" တာ့တာနော် ဆရာ ဆန်း"

ဆရာ ဆန်း သူမကို လက်ဝှေ့ယမ်းပြပြီးနောက်မှာ ကားထွက်သွားတော့သည်။

အကွာအဝေးခပ်လှမ်းလှမ်းထိ ကားထွက်သွားသည့်တိုင် သူမ အပြုံးကျန်ရှိနေဆဲ... ။

အတော်လေး နောက်ကျနေပြီ။

ရှောင်မန်းလည်း မလာသေးပေ။

သူမ ဖုန်းကို ထုတ်ပြီး ရှောင်မန်းဆီ ဖုန်းဆက်ဖို့ပြင်သည်။

သူမ မခေါ်ခင် လမ်းလျှောက်လာသော လုကျင်းညန်ကို တွေ့တော့သည်။

အလိုအလျောက် သူမ စိတ်ခန္ဓာသည်လည်း အေးခဲသွားပြီး မျက်တောင်ကို နိမ့်ဆင်းလိုက်သည်။

လုကျင်းညန် သူမကို ခါတိုင်းလို ချေမိုးသွားမည်ဟု သူမထင်ထားခဲ့သည်။

သို့သော် ယခုအခါ သူ ရှေ့တည့်တည့်မှာ ရပ်လို့နေ၏ ။

သူမ နှလုံးခုန်နူန်းများ မြန်လာလေပြီ။

စိုးရိမ်တကြီး လုကျင်းညန်ကို ကြည့်ဖို့ သူမခေါင်းမော့လိုက်သည်။

မထုံတက်သေးဖြစ်နေသောသူ ... သူမ ဖုန်းကို ဘာခံစားချက်မှ မရှိဘဲကြည့်လိုက်သည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now