အခန်း ၅၇

4.9K 409 2
                                    

လူငယ်ဘဝရဲ့ ပုံရိပ်များ

သူမဘယ်လောက် အားထုတ်ကြိုးစားပါစေ၊ အခုချိန်ထိ သူနှင့်မနီးစပ်နိုင်သေးပေ။

ရံဖန်များစွာ ဘယ်သူမှမသိနိုင်သော ဝမ်းနည်းပူဆွေးမှုများက အိမ်မက်များထဲတွင်တောင် စွဲမက်နေခဲ့ပြီး နှလုံးသားထဲမှာလည်း သံမှိုရိုက်ထားခံရသည့်အတိုင်း....။

ပြီးတော့ ဘယ်လောက်ပဲ ထိုဝမ်းနည်းပူဆွေးမှုတွေကို အပြင်းအထန်မေ့ပျောက်ပစ်ပါစေ၊ နည်းနည်းလေးတွေးမိရုံနဲ့ နာကျင်မှုတွေက အဆုံးအစမဲ့သည်။

ချောင်ဟာ စာသာမာန်တော်သူတစ်ယောက်သာဖြစ်ပြီး ရှန်ဟိုင်းရဲ့ ပြည်တွင်းတက္ကသိုလ်တစ်ခုကိုသာ တက်ရောက်ခဲ့၏ ။

ချောင်အန်ရှားနှင့် ချောင်အန်းဟောင်တို့ဟာ သွေးမနှောကြသည့် ညီအစ်မရင်းများမဟုတ်ကြသော်လည်း တစ်အိမ်တည်းမှာ နေကြသူများပင်။

ချောင့်မိဘများမှာ ယာဉ်တိုက်မှုမတော်မဆဖြစ်ပြီးကတည်းက တစ်အိမ်ထဲနေလာခဲ့ပြီး ညီအစ်မရင်းများလို ဖြစ်နေသည်။

ချောင် သူမမွေးရပ်မြေ ရှန်ဟိုင်းကနေ ထွက်လာခဲ့ပြီးနောက် ချောင်အန်ရှားနှင့် ရှီကျားမူတို့ကို ခဏခဏ အလည်ဖိတ်သည်။

ခဏခဏဖိတ်ကြားမှုကြောင့် နောက်ဆုံး ဆောင်းဦးရာသီအတွင်း ရောက်ရှိလာကြတော့၏ ။

ဘေကျင်းသည် ရှန်ဟိုင်းနှင့်ဆင်တူသည်။

ဤနည်းအားဖြင့် ချောင်ဟာ သူတို့နှစ်ယောက်ကို ဟန်ဂျိုးကို ဆက်သွားဖို့ အကြံပြုခဲ့သည်။

ရှီကျားမူနှင့် လုကျင်းညန်တို့သည်လည်း ဖအေတူ အမေကွဲဖြစ်ကြပြီး ညီအစ်ကိုရင်းချာများ မဟုတ်ကြ။

သို့သော် အလွန်ရင်းနှီးကြသည်။

ရှီကျားမူ ဖုန်းတစ်ခါခေါ်လိုက်ရုံနှင့် လုကို အပြင်ထွက်ဖို့ အောင်အောင်မြင်မြင်ခေါ်နိုင်သည်။

သူတို့ဟာ လေးရက်တာ နေခဲ့ကြပြီး လုဟာ သူတို့နှင့် အဖော်လိုက်ပေးခဲ့သည်။

လိန်ဖောင်းမျှော်စင်ကနေ အနောက်တိုင်း​ရေကန် တံတားကျိုး၊ လင်းယင်ဘုရားကျောင်းကနေ ဇီဖီစိမ့်မြေအရပ်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now