အခန်း ၆၇

4.8K 397 3
                                    

ဒီမှာလက်မှတ်ထိုး

သူမတို့၏ မင်္ဂလာဦးညတွင်မူ သူမက လုအတွက် အနှောင့်အယှက်တစ်ခုမဖြစ်စေရကြောင်း၊ လုရဲ့လူနေမှုဘဝပုံစံကို မထိခိုက်လိမ့်ကြာင်းနှင့် သူတို့၏အကြောင်းအား ပြည်သူလူထုကို သိခွင့်ပေးလိမ့်မည်မဟုတ်ကြောင်း ပြောခဲ့သည်။

သူတို့သည် တကယ့်လင်မယားမဟုတ်ကတည်းက လင်မယားအရာ အထမမြောက်လိမ့်ဘူးလို့လည်း ပြောခဲ့သေး၏ ။

သူမက ထိုစကားလုံးများကို ပြောခဲ့တာတောင်မှ သူမရဲ့ရင်ထဲမှာတော့ နက်နက်ရိုင်းရိုင်း မျှော်လင့်နေသေးပေသည်။

သူမပြောကြားပြီးသည်နှင့် လုသည် "မင်းစကားမင်းမှတ်မိပါစေ" ပြောပြီး ရေချိုးခန်းထဲ ဝင်သွားခဲ့လျက်။

ရှီကျားမူ အတိတ်မေ့နေကတည်းကပင် လုသည် သူ့အနေဖြင့် လူထုရှေ့မှာ အမြဲတမ်း ကိုယ်ထင်မပြေခဲ့ဘူးဟု ရှီမိသားစုက နားလည်ခဲ့သည်။

အဲဒီလိုလုပ်ဖို့ မလိုအပ်ခဲ့ပေမယ့်လည်း ရှီကျားမူမှာ လူထူရှေ့မှောက်၌ ရုပ်ထွက်မပြနိုင်သေးပေ။

ရှီကျားမူရဲ့ မိန်းမအဖြစ် ချောင်ဟာ လုနဲ့အတူနေဖို့ မတောင်းဆိုခဲ့ဘဲ သူတို့ချင်း တစ်နေရာစီခွဲနေခဲ့ပြီး လင်မယားအဖြစ်တွေ့မှသာ ဆုံခဲ့ကြသည်။

ချောင်မိသားစုဟာ သူမရဲ့လက်ထပ်မှုအမှန်ကို မရိပ်မိခဲ့ကြပေ။

ချောင်လက်ထပ်ပြီးနဲ့နောက်တွင် သူမရဲ့ ဦးလေးအိမ်မှာ ဆက်မနေတော့သလို ရှီအိမ်တော်မှာ နေဖို့လည်း ဆန္ဒမရှိခဲ့ပါ။

သံသယဖြစ်ကြမည်စိုး၍ အိမ်တစ်လုံးငှါးရမ်းကာ ​နေထိုင်ခြင်းကလည်း သံယများကို ဖြစ်စေလိမ့်မည်။

လုသည် သူ့အိမ်တွင် သူမကို နေခွင့်ပြုခဲ့သည်။

လုကျင်းညန် နှင့် ရှီကျားမူတို့သည် မီယန်ရှူးဥယျာဉ်စဖွင့်သည့် အတောအတွင်း ဘေးချင်းကပ်လျက် အိမ်တစ်လုံးစီ ဝယ်ထားခဲ့ကြသည်။

ဤနည်းအားဖြင့် ချောင်သည် ရှီကျားမူအိမ်တွင် နေသည်ဟု အခြားသူများက ထင်ကြပေမည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now