အခန်း ၆၃

5.4K 428 23
                                    

ဒီမှာ လက်မှတ်ထိုး

စာရွက်များပစ်ချလိုက်သော် ချောင့်မျက်နှာဟာ လေဝှီးခနဲ ဖြတ်တိုက်သွားသည်။

မျက်လုံးပေကလဲ့ ပေကလဲ့ဖြစ်သွား၏ ။

လုဟာ သူ့လက်ချောင်းရှည်များနဲ့ စာရွက်တစ်ရွက်၏ ညာဘက်အောက်ခြေကို ညွှန်လိုက်သည်။

အသံ မာမာအေးအေးနှင့်...

" ဒီမှာ လက်မှတ်ထိုး "ဟူ၍ အမိန့်ပေးလိုက်လျက်။

လု အဝတ်လှဲခန်းတံခါးကို ပြန်ဝင်သွားခဲ့တဲ့အခါ ချောင် ကောက်ထိုင်ခဲ့ပြီး စာရွက်အထပ်လိုက်ကို ကြည့်၏ ။

ဖျတ်ခနဲကြည့်ပြီး မျက်မှောင်ကြုတ်သည်။

အလှကုန်ပစ္စည်းထောက်ခံချက် စာချုပ်ဖြစ်သည်။

၎င်းက နိုင်ငံခြားမော်ဒယ်များကိုသာသုံးပြီးကြော်ငြာသည့် ထိပ်တန်းအမှတ်တံဆိပ်တစ်ခုပင်။

လု က သူမကို လက်မှတ်ထိုးစေချင်ခဲ့သည်။

ဒါ သူ သူမကို အဲဒီအမှတ်တံဆိပ်ကို ကြော်ငြာရိုက်ခွင့်ပေးတာလား?

အိမ်မက်တစ်ခုဆိုသော်လည်း ချောင် စိတ်မသန့်ခဲ့ပေ။

လု အဝတ်လဲခန်းကို ထွက်လာပြီးနောက် နက်တိုင်ကို ကိုင်လာကာ ကိုယ်လုံးပေါ်ကြည့်မှန်ရှေ့တွင် ရပ်ခဲ့သည်။

မှန်ကနေ ချောင့်ကို ကြည့်ကာ ​မေး၏ ။

"ထိုးပြီသွားပြီလား?"

ချောင် ခေါင်းခါရမ်းသည်။ ပြီးလျှင် လုကို ကြည့်ပြီး....

" ဒီစာချုပ်က ကျွန်မကို ​ပေးတာလား? "

"ဟုတ်တယ်" ဟု လုပြန်ဖြေသည်။

သူတကယ်ကြီး သူမကိုပေးနေတာ...

ပျော်သွားပေမယ့် မကြာမှီ သံသယဖြစ်လာသည်။

ဘာကြောင့် ဒီထောက်ခံချက်စာချုပ်ကို ပေးတာလဲ?

လု သူမဘက်ကို လှည့်ပြီး နက်တိုင်ချည်သည်။

ဗလာဖြစ်နေသေးသော လက်မှတ်ထိုးကွက်ကို သတိထားမိသွားပြီးနောက်....

"ဘာလို့ လက်မှတ်မထိုးသေးတာလဲ?"

လု အသံကို ကြားသောအခါ သူမ အတွေးက တုန့်ဆိုင်းသွားပြီး ဘောပင်ကိုင်သည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now