အခန်း ၁၄၉ + ၁၅၀ + ၁၅၁ + ၁၅၂

2.6K 148 10
                                    

" ငါ့ကို မေးခွန်းတစ်ခုလောက်ဖြေပေး "

"ဟုတ်ပါ့ဟယ်။ အဲ့တစ်ယောက်က ငြိမ်နေတယ်ဆိုတာ သေကိုသေချာနေတာနော်။ ငါသာ သူ့နေရာမှာဆိုရင်လေ သေချာပေါက်ပုန်းနေမိမှာပဲ။ "

"မင်းသား လုကြီးက အဲ့ဟာမလေးကို ‌‌စပြီးကြွေသွားတာမျိုး ဒါမှမဟုတ် အဲ့ဟာမလေးက စသွေးဆောင်ခဲ့တယ်လို့ နင်ထင်မိလား။"

"မထင်ရှားလွန်းနေဘူးလားဟယ် ... အဲ့ဟာမပဲ စသွေးဆောင်ခဲ့တာနေမှာ သေချာသလောက်ပဲ။ ဒါ့အပြင် ထုတ်လုပ်သူ ကိုဆန်းကြီးကပါ ဒင်းကိုဆို ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်ဆိုတာ .. သတိမထားမိဘူးလားဟဲ့။ ဒင်းကလေ အထင်ကရလူတွေနဲ့ အတူတူအိပ်ပြီး ဒီဇာတ်ကောင်နေရာ ရတာလဲဖြစ်နိုင်တာပဲ။"

"ဒါပေမယ့် မင်းသားလုကရော ဒီလိုလုပ်ရက်နိုင်ရတာလဲနော်။ ပထမဆုံးအကြိမ်မှာ မင်းသားလုဘက်က အရှုပ်အရှင်းတစ်ခုရှိခဲ့ပြီးတာတောင် ချောင်အန်းဟောင် နဲ့ အတူရှိနေခဲ့သေးတဲ့ပုံအရ"

"ဟဲဟဲ ... မနာလိုဖြစ်နေတာမလား။ ညစာစားပွဲကို သုံးပြီး သူ့ကိုဂရုစိုက်တဲ့နည်းလမ်းအဖြစ် သုံးလို့ရနိုင်ပါသေးတယ်။ ပြီးရင် ကိုယ့်ကိုကိုယ်ကမ်းလှမ်းကြည့်လိုက်ပေါ့။ တကယ်လို့ မင်းသားလုကများ သွေးဆောင်ခံရတယ်ဆိုရင် နင်လည်း ကြယ်ပွင့်လေးဖြစ်ဖို့ လမ်းစရသွားမယ်လေ။"

"ငါလား? မနာလိုတယ်? ငါက ဘာကိုမနာလိုဖြစ်ရမှာတုန်:! နင့် ခန္ဓာကိုယ်ကို ရောင်းနေတာမဖြစ်နေဘူးမလား၊ အဲဒါက ပြည့်တန်ဆာတွေမှ လုပ်တာ ဟ!"

သူတို့ရဲ့စကားတွေက ပိုဆိုးလာလေ ရှောင်မန်း လည်း ချောင်းလေးဟန့်ရင်းနဲ့သာ အဖွဲ့သားများအား ငြိမ်အောင် လန့်ပေးလိုက်သည်။

ချောင့်ကို မြင်လိုက်ရတော့ သူတို့မျက်နှာတွေက ရှစ်ခေါက်ချိုးသွားသည်။

သို့ပေမဲ့ သူတို့ဘက်က ချက်ချင်းဆိုသလို ငြိမ်ကျသွားပြီး ရပ်တန်းကရပ်လိုက်ကြသည်။

ချောင်ရှိနေတာကို လုံးဝကို ဂရုမစိုက်ဘဲ ထွက်ခွာသွားကြပုံက ၊

ပထမတစ်ယောက် ပြီးရင်ကျန်တဲ့သူတွေ။

မိနစ်ဝက်အတွင်းမှာ ရှောင်မန်း နဲ့ ချောင်တို့ချည်းပဲ ဧည့်ခန်းထဲတွင် ကျန်ရစ်ခဲ့တော့​၏ ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now