အခန်း ၁၆၁ + ၁၆၂ + ၁၆၃ + ၁၆၄ + ၁၆၅

1.2K 76 0
                                    

ကံဇာတာအရှိန်အဝါများ

ချောင့်အနေနဲ့ လုကို ရည်ရွယ်ချက်ရှိရှိ ရှိုးပွဲကို ကမ်းလှမ်းခဲ့ရခြင်းဖြစ်သည်။

ရိူးပွဲမှန်သမျှက တော်တော်ကြာတဲ့အထိ လင်ရှီးရီနဲ့ပဲ အကောင်းဆုံးလူသိများခဲ့ခြင်းကြောင့်ပင်။

အကယ်၍ သူမ အမုန်းဆုံးလူက ဒီပွဲကို လာကြည့်ဖို့ စဉ်းစားနေတယ်ဆိုရင်... အဲဒါဟာ အလွန်အမင်း ကြေကွဲစရာ မဟုတ်ဘူးလား။

ချောင့်ဘက်က လင်ရှီးရီနားထဲ ဒီသတင်းကို ရောက်သွားဖို့ အခွင့်အရေးကို ရှာဖွေခဲ့သည်။

သူမ ရှာမတွေ့ခင်မှာ အခွင့်အရေးတွေက သူ့တံခါးကိုလာခေါက်ခဲ့သည့်အလား။

တီဗီစီးရီးတွင် ဆောင်ရှန်စီ နှင့် လင်ရှီးရီတို့သည် လင်လုဘက်များဖြစ်ကြပြီး ချောင်သည် ဆောင်ရှန်စီ ၏ သူငယ်ချင်းဟောင်းဖြစ်သည်။

ယနေ့မြင်ကွင်းသည် အမျိုးသမီး သုံးဦးစလုံးနှင့် ဖြစ်ခဲ့သည်။

ကော်ဖီသောက်ရင်း ဆောင်ရှန်စီ နှင့် ချောင်တို့ ဆုံတွေ့သည့်အခိုက်အတန့်တွင် အနည်းနှင့်အများဆိုသလို မြင်ကွင်းက ရန်သူများနှင့် တွေ့ဆုံရန် ရည်မှန်းထားသည့်အတိုင်း လင်ရှီးရီကို ဆောင့်ကန်လိုက်သည်။

ဆောင်ရှန်စီနှင့် လင်ရှီးရီကြား အငြင်းပွားမှု ဖြစ်ပွားခဲ့သည်။

ချောင့် အတွက်တော့ သူမဟာ နောက်ခံမှာသာရှိခဲ့ပြီး အခုချိန်မှာတော့ သရုပ်ဆောင်စရာတွေ အများကြီးရှိနေပါပြီ။

အဆိုပါ မြင်ကွင်းကို နောက်ဆုံးမိနစ်တွင် ရုပ်ရှင်အဖွဲ့သားတွေ စကတင်ဆောက်ခဲ့တဲ့ ချစ်စရာကောင်းသော ကော်ဖီဆိုင်တွင် နေ့လည် ၃ နာရီမှ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

ကင်မရာမင်းသည် ဆောင်ရှန်စီ၏မြင်ကွင်းကိုရိုက်ကူးနေတဲ့အချိန်မှာ ချောင် နှင့် လင်ရှီးရီ သည် ဒါရိုက်တာ၏အချက်ပြမှုကို စောင့်ဆိုင်းနေကြရပြီး တစ်ဖက်တွင် ရပ်နေခဲ့သည်။

ရှောင်မန်းသည် ဒေါသကို မထိန်းနိုင်ပေ။

လင်ရှီးရီသည် အရှုပ်တော်ပုံများကို ဖြန့်ခဲ့သူဖြစ်ကြောင်း သူမ သိသော်လည်း အထောက်အထားမရှိဘဲ သူမကို မျက်နှာပြောင်တိုက်ကာ ထုတ်ဖော်ပြောဆိုခြင်းမပြုနိုင်ပေ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now