အခန္း ၂၃ - မင္းကိုဘယ္သူဝင္ခြင့္ေပးလို႔လဲ?

7.1K 722 4
                                    


သူ႔ႏူတ္ခမ္းမ်ားႏွင့္ ထိခဲ့သည့္ အာရံုမွာနစ္ေမ်ာေနစဥ္ အခ်ိန္မ်ားကုန္လြန္သြားသည္။

သူ ကေတာ့ ေဆးအရွိန္ေၾကာင့္ ႏွစ္ၿခိဳက္စြာ အိပ္ေမာက်ေနသည္။

သူမ သူ႔ကိုေစာင္ေသခ်ာျခံဳေပးၿပီးေနာက္ ေဆးအၫြန္းမ်ားကို ဖတ္ေနခဲ့သည္။

ေဆးတိုက္ၿပီးလို႔မွ အဖ်ားက ၄ နာရီထိ ဆက္တက္ေနပါက ေဆးေနာက္ထပ္တိုက္ရန္ ေဖာ္ျပထား၏ ။

အခု ၃ နာရီ႐ွိၿပီ။

သူမ အလန္းေပးခ်င္ေသာ္လည္း သူႏိုးသြားမည္ကို စိုးရိမ္ေသာေၾကာင့္ သူမကိုယ္တိုင္ထႏိုင္ေအာင္ သတိထားၿပီး သူ႔ကို အိပ္ေစာင့္သည္။

ေစာင့္ေနစဥ္တိုင္း သူ႔နဖူးကိုလည္း ခဏခဏစမ္းလိုက္ အဖ်ားကလည္း ျပန္တက္လိုက္ က်သြားလိုက္ျဖင့္ ယခုထိျဖစ္ေနေသာေၾကာင့္ သူမအိပ္ေမာက်သြားသည့္အခါ အဖ်ားဆက္တက္လာမည္ကို စိတ္ပူမိသည္။

ေစာေစာတုန္းကလိုမ်ိဳး သူမ သူ႔ကိုေဆးတိုက္ဖို႔ လုပ္သည္။

ယခုအႀကိမ္တြင္ သူမ ေလာဘႀကီးစြာ သူ႔ႏူတ္ခမ္းသားမ်ားေပၚတြင္ အခ်ိန္စြဲကာ ထိေနမိသည္။

ထို႔ေနာက္ ႏူတ္ခမ္းခြာမလို႔ လုပ္လိုက္သည့္အခါ လုက်င္းညန္က သူမေခါင္းကို ႏွိမ့္ခ်လိုက္သည္။

ေနာက္တစ္ႀကိမ္ လုက်င္းညန္၏ ႏူတ္ခမ္းမ်ားကို နက္နက္႐ိူင္း႐ိူင္း နမ္းသလို ျဖစ္သြား၏ ။

သူ႔အဖ်ား႐ွိန္ေၾကာင့္ ကေယာင္ကတမ္းျဖစ္ေနသည့္ဟန္ပင္။

သူ႔အာရံုတြင္ တစ္ေယာက္ေယာက္က ဂ႐ုစိုက္ျပဳစုေပးေနသည္ကို အိမ္မက္မက္ေနသည္ဟုထင္ၿပီး ယခုလိုျပဳလုပ္ျခင္းျဖစ္သည္။

ဝိုးတိုးဝါးတားျဖင့္ တစ္ေယာက္ေယာက္က သူ႔ပါးစပ္ထဲ တခုခုထည့္ေပးသည္ဟု ခံစားမိ၏ ။

၎သည္ ခါးၿပီး ေျခာက္ေသြ႕ေသာေၾကာင့္ ေထြးထုတ္မည္လုပ္ေသာ္ သူ႔ပါးစပ္ေပါက္ကို ကူ႐ွင္ကဲ့သို႔ ႏူးညံ႕သည့္ ႏူတ္ခမ္းမ်ားက ပိတ္ထားေနလ်က္ ...

ရင္းႏွီးလြန္းေသာ ခံစားမႈပင္။

ေခ်ာင္အန္းေဟာင္ ေၾကာက္သြားခဲ့သည္မွာ သူမေခါင္းတြင္ ကြက္လပ္ (Blank) ျဖစ္သြားခဲ့သည္အထိျဖစ္ေပရာ သူမသတိျပန္ဝင္လာေသာ္ သူတို႔ႏွစ္ေယာက္သား အနမ္းေပးေနခဲ့ၾကသည္။

Xxx

သူ့နူတ်ခမ်းများနှင့် ထိခဲ့သည့် အာရုံမှာနစ်မျောနေစဉ် အချိန်များကုန်လွန်သွားသည်။

သူ ကတော့ ဆေးအရှိန်ကြောင့် နှစ်ခြိုက်စွာ အိပ်မောကျနေသည်။

သူမ သူ့ကိုစောင်သေချာခြုံပေးပြီးနောက် ဆေးအညွန်းများကို ဖတ်နေခဲ့သည်။

ဆေးတိုက်ပြီးလို့မှ အဖျားက ၄ နာရီထိ ဆက်တက်နေပါက ဆေးနောက်ထပ်တိုက်ရန် ဖော်ပြထား၏ ။

အခု ၃ နာရီရှိပြီ။

သူမ အလန်းပေးချင်သော်လည်း သူနိုးသွားမည်ကို စိုးရိမ်သောကြောင့် သူမကိုယ်တိုင်ထနိုင်အောင် သတိထားပြီး သူ့ကို အိပ်စောင့်သည်။

စောင့်နေစဉ်တိုင်း သူ့နဖူးကိုလည်း ခဏခဏစမ်းလိုက် အဖျားကလည်း ပြန်တက်လိုက် ကျသွားလိုက်ဖြင့် ယခုထိဖြစ်နေသောကြောင့် သူမအိပ်မောကျသွားသည့်အခါ အဖျားဆက်တက်လာမည်ကို စိတ်ပူမိသည်။

စောစောတုန်းကလိုမျိုး သူမ သူ့ကိုဆေးတိုက်ဖို့ လုပ်သည်။

ယခုအကြိမ်တွင် သူမ လောဘကြီးစွာ သူ့နူတ်ခမ်းသားများပေါ်တွင် အချိန်စွဲကာ ထိနေမိသည်။

ထို့နောက် နူတ်ခမ်းခွာမလို့ လုပ်လိုက်သည့်အခါ လုကျင်းညန်က သူမခေါင်းကို နှိမ့်ချလိုက်သည်။

နောက်တစ်ကြိမ် လုကျင်းညန်၏ နူတ်ခမ်းများကို နက်နက်ရိူင်းရိူင်း နမ်းသလို ဖြစ်သွား၏ ။

သူ့အဖျားရှိန်ကြောင့် ကယောင်ကတမ်းဖြစ်နေသည့်ဟန်ပင်။

သူ့အာရုံတွင် တစ်ယောက်ယောက်က ဂရုစိုက်ပြုစုပေးနေသည်ကို အိမ်မက်မက်နေသည်ဟုထင်ပြီး ယခုလိုပြုလုပ်ခြင်းဖြစ်သည်။

ဝိုးတိုးဝါးတားဖြင့် တစ်ယောက်ယောက်က သူ့ပါးစပ်ထဲ တခုခုထည့်ပေးသည်ဟု ခံစားမိ၏ ။

၎င်းသည် ခါးပြီး ခြောက်သွေ့သောကြောင့် ထွေးထုတ်မည်လုပ်သော် သူ့ပါးစပ်ပေါက်ကို ကူရှင်ကဲ့သို့ နူးညံ့သည့် နူတ်ခမ်းများက ပိတ်ထားနေလျက် ...

ရင်းနှီးလွန်းသော ခံစားမှုပင်။

ချောင်အန်းဟောင် ကြောက်သွားခဲ့သည်မှာ သူမခေါင်းတွင် ကွက်လပ် (Blank) ဖြစ်သွားခဲ့သည်အထိဖြစ်ပေရာ သူမသတိပြန်ဝင်လာသော် သူတို့နှစ်ယောက်သား အနမ်းပေးနေခဲ့ကြသည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now