(Zawgyi)Chapter 3:တွေ့ဆုံခြင်း

3.4K 155 0
                                    

Zawgyi

ရွာကသူမထက် ငါးနှစ်ခြောက်နှစ်ကြီးတဲ့ဝမ်းကွဲအမ သူ့အလုပ်ကြောင်းပြောတာကိုနားထောင်ခဲ့ရတာနဲ့တင် လင်းမြောင်စိတ်လှုပ်ရှားနေပြီဖြစ်သည်။
ဝမ်းကွဲပြောဖူးတာက အလုပ်လုပ်ရတာအရမ်းပင်ပန်းပြီး ညဆိုင်းတွေပါဆင်းရသည်တဲ့။ အလုပ်ရှင်ကအရမ်းဒေါကြီးပြီးဆူပူတတ်လေသည်။
သူမကတော့အလုပ်ပင်ပန်းမှာ ညဆိုင်းဆင်းရမှာ အဆူခံရမှာတွေကိုမကြောက်ပေမယ့် လင်းမြောင် နည်းနည်းစိုးရိမ်မိတာက အလုပ်မခန့်မှာကိုပင်။ သူမလာတုန်းက နှစ်သစ်ကူးရောက်ရင် သကြားလုံးဝယ်လာခဲ့မယ်လို့ ယုံကြည်ချက်ရှိရှိနဲ့လေလုံးထွားခဲ့သေးသည်။ သူမသာပြန်အပို့ခံခဲ့ရလျှင်တော့ ဘယ်လိုရှင်းပြရတော့မှာလဲ ။

လင်းမြောင်သူမရဲ့ဖိနပ်ထိပ်တွေကိုကြည့်ရင်းအတွေးလွန်နေလေသည်။ သူမကြိုးကြိုးစားစားရိုးရိုးသားသားအလုပ်လုပ်ရပေလိမ့်မည်။

ထိုအချိန်မှာပဲအိမ်တော်ထိန်းကြီးကသူမကို သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ထံပေးလိုက်ကာ
"သူမကိုရေချိုး​ပေးလိုက်"

လင်းမြောင်အနောက်ကနေနာခံစွာပဲလိုက်သွားလိုက်သည်။အဲ့နောက်မှာတော့ ဒုတိယထပ်ကိုတက်တဲ့လှေကားပေါ်တက်လာခဲ့လိုက်သည်။
လင်းမြောင်မျက်လုံးတွေ မယုံကြည်နိုင်လောက်အောင်ပင် ဘယ်လိုလုပ်ပြီး ဒီလိုလှတဲ့နေရာမျိုးရှိနေနိုင်ရတာလဲ။လှေကားပေါ်တက်လာပြီးတဲ့နောက် ဒုတိယထပ်ကြမ်းပြင်တစ်ခုလုံးအဖြူရောင်​ ကော်​ဇောတွေဖြင့်ဖုံးလွှမ်းထား၏။

ထိုအခိုက် ဘေးမှအခန်းတံခါးပွင့်လာချိန်မှာတော့ လင်းမြောင် အံ့သြတုန်လှုပ်သွားတော့သည်။
အဖြူရောင်ကုတ်ကိုဝတ်ဆင်ထားတဲ့လူကြီးတစ်ယောက်က သူမထက်ခေါင်းတစ်လုံးပိုရှည်လောက်တဲ့ ကောင်လေးတစ်ယောက်ကိုတွဲခေါ်လာခဲ့လေသည်။
ကောင်လေးရဲ့မျက်နှာကဖြူဖျော့နေပြီး သူ့မျက်ခုံးတွေက မြို့ကTV မှာပါတဲ့သူတွေထက် ပိုကောင်းလေသည်။ အဖြူရောင်ပိုးဖဲအင်္ကျီကိုဝတ်ဆင်ထားပြီး ပန်းချီကားထဲကထွက်လာသည့်အတိုင်း အဖိုးတန်လေသည်။

လင်းမြောင် ဆွံ့အလျက်သား သူ့ကိုငေးစိုက်ကြည့်နေမိသည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now