Chapter 65

4K 571 15
                                    

Unicode

အရွယ်ရောက်မှာကို ကြောက်စိတ်ဝင်

သူမရဲ့မွေးနေ့မှာတောင် မနက်ခင်းလေ့ကျင့်ခန်းကို လုပ်မြဲလုပ်၏။

ကောင်းကင်က မှောင်ရီဝိုးတဝါးသာရှိစဲ။ ထုံးစံအတိုင်း လင်းမြောင် အိပ်ရာထ အဝတ်စားလဲပြီး ပြေးဖို့ ထွက်လာခဲ့သည်။

အပြင်ထွက်လာတော့မှ မိုးရွာနေတာကို သိလိုက်ရသည်။

မိုးဖွဲလေးတွေက ညင်သာလှသဖြင့် တိုက်ခန်းထဲတွင်တုန်းက မိုးသံကို မကြားနိုင်ခဲ့ပေ။

သူမ လက်ကိုဆန့်ထုတ်ကာ မိုးဖွဲလေးတွေကို ထိကြည့်လိုက်၏။ အေးစိမ့်လို့နေသည်။

သူမ ထီးပြန်ယူဖို့ ဆုံးဖြတ်လိုက်သည်။ ပန်းခြံထဲမှာ အားကစားရုံတစ်ခု ရှိလေသည်။ သူမ လေ့ကျင့်ခန်းတချို့ကို အဲ့ဒီမှာ လုပ်လို့ရ၏။

လေ့ကျင့်ခန်းကို တသတ်မတ်တည်းလုပ်ခဲ့တာဖြစ်လို့ ဒီမနက် လေ့ကျင့်ခန်းမလုပ်ရဖူးဆိုလျှင် သူမခန္ဓာကိုယ်က ရွစိရွစိဖြစ်နေပေရော့မည်။

သူမ ပြန်လှည့်ဖို့လုပ်စဉ် ထီးအကြီးကြီးဆောင်းလျက် သူမထံလာနေသော သူတစ်ယောက်ကို မြင်လိုက်ရသည်။

ထီးအောက်က ပုံရိပ်ဝါးဝါးကိုသာ  မြင်နေနိုင်ပေမယ့် သူမခံစားမိနေတာ အဲ့လူက ကိုကို!

အကြောင်းပြချက် မယ်မယ်ရရမရှိပေမယ့်လို့_ရင်ထဲအသည်းထဲကကို သိနေတာ။

အုံ့မှိုင်းမှိုင်းမနက်ခင်းတွင် အနှီပုဂ္ဂိုလ်က သူမနဲ့ တဖြည်းဖြည်းနီးကပ်လာကာ သူ့ရဲ့ဝိုးတိုးဝါးတားပုံရိပ်က ကြည်လင်ပြတ်သားလာသည်။

၁၆နှစ်အရွယ် ယုကျင်းရွှမ်သည် ကုတ်အင်္ကျီအနက်ရောင်နှင့်  အနီရဲရဲလည်စည်းပဝါကို ဝတ်ဆင်ထားလျက် သူမထံသို့ တစ်လှမ်းခြင်းလျှောက်လို့လာနေ၏။

သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ချိတ်ဆွဲထားရင်း ဆိုလာသည်က  “ Happy birthdayပါ...ကိုကို မင်းကို ပန်းခြံခေါ် သွားပေးမယ်”

လင်းမြောင် ထီးအောက်ထဲသို့ ပြေးဝင်လာပြီး သူ့ကိုဖက်လိုက်၏။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now