Chapter 83

3.9K 591 7
                                    

Unicode

ထန်းယွမ်

ထိုညတွင် လင်းမြောင်မှာ ယုကျင်းရွှမ်ပေးတဲ့ အမွေးပွရုပ်ကို ခေါင်းအုံးပေါ်တွင် ထားသိပ်သည်။ ထိုအမွေးပွရုပ်အေးနေမှာစိုးသဖြင့် သူမစောင်ထဲခေါ်သွင်းကာ ဖက်ထားပြီးအိပ်၏။

ဒီအမွေးပွရုပ်က ယုကျင်းရွှမ်ကို သတိရစေကာ သူမနှလုံးခုန်မြန်လာသည်။ ဒီကနေ့အစောပိုင်းက သူနဲ့ ရုပ်ရှင်အတူကြည့်ခဲ့ပြီးပြီဆိုပေမယ့် သူ့ကိုလွမ်းလို့နေသည်။

တစ်ယောက်ကိုတစ်ယောက် ဖွင့်ဟဝန်ခဲ့ကြပြီးတဲ့နောက်တွင် လင်းမြောင်သူ့ကို မကြာခဏ လွမ်းတတ်လာပြီး သူ့လက်ကိုကိုင်ထားချင်ကာ သူ့ကို ဖက်ချင်လာသည်။

သူမရဲ့နှလုံးကလည်း ပုံမှန်ထက်ကို မြန်မြန်ခုန်လှုပ်လာသည်။

တွေးနေရုံဖြင့်ကို သူမနှလုံးက တရှိန်ထိုးခုန်လှုပ်လာသည်။ လင်းမြောင် လက်ကို သူမရဲ့ရင်ဘက်ပေါ် တင်ထားလိုက်သည်။ ဆိုတော့ကာ ဒါကအချစ်ပေါ့...

ကိုကိုလည်းပဲ ဒီလိုမျိုးခံစားနေရမှာလား? ငါ့အကြောင်းတွေးနေရင်လည်း သူ့နှလုံးခုန်သံ မြန်နေမှာလား?

လင်းမြောင် ဖုန်းကို ဆွဲယူပြီး ယုကျင်းရွှမ်ထံ မက်ဆေ့ချ်ပို့လိုက်သည်။

ယုကျင်းရွှမ် မက်ဆေ့ချ်ကို သတိထားတာမြန်သည်။

"ကိုကို ရုတ်တရက်ကြီး ငါကိုကို့ကို အရမ်းလွမ်းလာတယ်"

သူ့နှုတ်ခမ်းထောင့်စွန်းလေးတွေ ကော့တက်သွားလျက် စာပြန်လာသည်။

"ကိုကိုလည်းပဲ မင်းကိုလွမ်းနေတာ"

သူ့ဘဝကြီးက ကောက်ကာငင်ကာ ချိုမြိန်လာရသယောင်။ လင်းမြောင်က ရင်ထဲရှိတဲ့ အတိုင်းပြောတတ်ပြီး ခံစားချက်တွေကို မည်သည့်အခါတွင်မှ သိုဝှက်မထားတတ်။

ကိုကိုရဲ့ပြန်စာကိုမြင်တော့ လင်းမြောင် ကျေနပ်အားရသွား၏။

လူသားတွေက တကယ်ပဲ ထူးဆန်းတယ်။ အရင်တုန်းက ယုကျင်းရွှမ် သူမကိုလွမ်းတယ်လို့ ပြောရင်လည်း ဝမ်းသာမိမှာပဲဆိုပေမယ့် ယခုသူမခံစားနေရတာနဲ့တော့ တူမှာမဟုတ်ဘူး။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now