Chapter 96

3.7K 520 4
                                    

Unicode

အနားယူမည့်အကြောင်း

သူမတို့ထက်အသက်ကြီးသော အသင်းဖော်များမှာ ခန္ဓာကိုယ်ဒဏ်ဖြစ်မှုကို မကြာခဏ ခံစားနေရကြသည်။ ဒါပေမယ့် လင်းမြောင်သည်လည်း ထိုပြဿနာမျိုးကိုယ်တိုင် ကြုံရလိမ့်မယ်လို့ မထင်ထားခဲ့ချေ။

အစတုန်းကတော့ ခပ်ဖျော့ဖျော့သာ တခါတခါ နာကျင်ကိုက်ခဲတတ်ပေမယ့်လို့ သူမရဲ့ကျန်းမာရေးကလည်း အမြဲတမ်းအတော်လေးကောင်းနေခဲ့တာတော့ လှစ်လျူရှုထားမိခဲ့၏။

သို့သော်ငြား ရက်အနည်းငယ်အကြာတွင် လင်းမြောင် မနက်ခင်းလေ့ကျင့်ခန်းလုပ်ဖို့ အိပ်ရာမှ ထသည့်အခါ သူမရဲ့ဒူးခါင်းက ရိုးတွင်ခြင်ဆီထဲမှပါ နာနေသလိုမျိုး တဒုတ်ဒုတ်နာကျင်ကိုက်ခဲ နေလေတော့သည်။

ထျန်ကျင်းက ချက်ချင်း နည်းပြကြီးကိုသွားရှာပေးပြီး လင်းမြောင်ကို ဆေးရုံသို့ ပို့လိုက်ကြသည်။ စမ်းသပ်စစ်ဆေးကြည့်တော့ နာတာရှည်ဒဏ်ဖြစ်လို့နေပြီး ကုသမှုခံယူဖို့ လိုအပ်နေသည်။

ပြင်းထန်ခက်ခဲသော ထရိန်နင်တွေမှာလည်း သူမ ပါဝင်ဖို့ မဖြစ်နိုင်တော့ပေ။

လင်းမြောင် မပျော်နေပါဘူး။ ၎င်းအဓိပ္ပာယ်က ဒီနှစ်ကမ္ဘာ့ဖလားမှာ သူမ မပါဝင်နိုင်တော့ဘူးလို့ ဆိုလိုတာပဲဖြစ်သည်။

သူမရဲ့မိဘများလည်း ခဏနေတော့ ဆေးရုံရောက်လာကြသည်။ လင်းမြောင် ကမ္ဘာ့ဖလားမှာ မပါဝင်နိုင်တော့တာ ကံမကောင်းလိုက်တာလို့တော့ သူတို့ မခံစားကြရ။ သူမက အိုလံပစ်နိုင်ထားနှင့်ပြီးပြီ။ ဒါနဲ့တင်ကို အလွန်တမူထူးခြားနေခဲ့ပြီးသား။

လင်းမြောင်က ထရိန်နင်ဆက်ဆင်းပြီး ပြိုင်ပွဲဝင်ချင်သည်။ ဒါပေမယ့် နည်းပြကြီးနှင့် ဆရာဝန်တွေရဲ့ အကြံက ပိုပြီးတော့ ပညာသားပါတာကိုလည်း သူမ သိ၏။

သူမ အိပ်ရာပေါ်တွင်လှဲရင်း သူနာပြုက လိုအပ်သည့် ဆေးဝါးများလိမ်းပေးတာကို စောင့်နေသည်။

“ဆွေ့ဆွေ့ စားချင်တာရှိလား၊ မေမေ သမီးအတွက် လုပ်ပေးမယ်လေ” လင်းမြောင်အမေက သူမရဲ့ခေါင်းလေးကို ပုတ်လာသည်။ “စိတ်မညစ်နဲ့။ နောက်ကျရင် သမီးမှာ အခွင့်အရေးတွေ ရှိနေသေးတာပဲ”

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now