(Zawgyi)Chapter 20:မတော်တဆမှု

2.3K 134 2
                                    

Zawgyi

ခဏအကြာ အပြင်ဘက်က မြက်ခြောက်တွေကို လင်းမြောင် အာရုံမထားတော့။ ကျန်တဲ့ကန်စွန်းဥပြုတ်ကို မြက်ခြောက်တွေပေါ်တင်လိုက်ကာ သူမ ကုတ်အင်္ကျီကို ချွတ်လိုက်သည်။

မနက်က သူတို့ထွက်လာတုန်းက နည်းနည်းအေးတာကြောင့် နှစ်ယောက်လုံး ကုတ်အင်္ကျီလေးတွေ ဝတ်ထားခဲ့ကြလေသည်။ သခင်လေးအမေဟာ ကုတ်အင်္ကျီလေးတစ်ထည် လင်းမြောင်ကို လက်ဆောင်ပေးထား၏။ ပန်းရောင်ကုတ်အင်္ကျီလေးမှာ ပန်းပွင့်သေးသေးတွေ ရိုက်နှိပ်ထားပြီး မိန်းကလေးတိုင်း ကြိုက်တဲ့ပုံစံမျိုးပါပင်။

လင်းမြောင် သဘောကျရတဲ့ ကုတ်အင်္ကျီလေးကို မြက်ခြောက်တွေပေါ်ဖြန့်ခင်းလိုက်ပြီး မျက်နှာမသာမယာဖြစ်နေတဲ့သူမကိုကို ကိုလှမ်းပြောလိုက်၏။ "ကိုကို ၊ဒီမှာလာ အိပ်ကြရအောင် ၊ မနက်ဖြန်ကျရင် အိမ်ပြန်ရမှာဘဲဟာ"

ယုကျင်းရွှမ်ကတော့ သူတို့လုံခြုံရေးနဲ့ပတ်သတ်ပြီး စိတ်ဒုံးဒုံးမချနိုင်သေး။

သူခေါင်းလှည့်ကြည့်လိုက်တော့ လင်းမြောင်က သူမရဲ့ကုတ် ကို မြေပေါ်ဖြန့်ခင်းနေရင်း သူ့ကိုစကားပြောလာနေလေသည်။

သခင်လေးလိုမဟုတ်ဘဲ လင်းမြောင်ကတော့ ပြန်ပေးဆွဲခံရတာနဲ့ပတ်သတ်ပြီး မပြောင်းလဲတဲ့ သဘောထားမျိုးရှိလေသည်။အဲ့တာက ပြန်ပေးသမားတွေဟာ ပိုက်ဆံရတာနဲ့ သူတို့ကို ချက်ချင်း လွှတ်ပေးလိမ့်မည်ဟု၍ပင်။

ကိုကို့လောက် သူမ အများကြီးမတွေးနိုင်...

သို့ဖြစ်၍ လင်းမြောင် စိတ်ပူတာက ကိုကိုအအေးမိသွားမှာ တစ်ခုတည်းပါပင်။

ယုကျင်းရွှမ်မှာ သူမလေးဟာ ချစ်ဖို့လည်းကောင်းသလို ငတုံးမလေးဖြစ်ကြောင်း တွေးလို့မိသည်။ သူမကုတ်လေးကို အမြန်ယူလိုက်ပြီး ပြန်ဝတ်ပေးလိုက်ကာ "ခဏလောက်တော့ ဒီအတိုင်းပဲ အိပ်ကျတာပေါ့"

အပြင်မှာ ကောင်းကင်ဟာ မမှောင်လာသေး။ထို့ကြောင့် နှစ်ယောက်သား ချက်ချင်းအိပ်မလိုကြ။ ခွေးကလည်း အဆက်မပြက်ဟောင်နေတာကြောင့် လင်းမြောင် တဲနံရံကနေ တံခါးနားကိုကပ်သွားပြီး ချောင်းကြည့်မိလေသည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now