(Unicode) Chapter 52: အိပ်မက်

3.8K 562 26
                                    

Unicode

နောက်တစ်နေ့တွင် မျက်နှာကြက်က ရှင်းလင်းနေတာကို ထျန်ကျင်းမြင်လိုက်ရလေသည်။ လင်းမြောင် ဓာတ်ပုံကို ပြန်ခွာထားတာမြင်မိတော့ သူမအံ့ဩနေ၏။

“ကိုကြီးဆွေ့ နင့်အစ်ကိုကို မလွမ်းဘူးလား? ဘာလို့ နင့်အစ်ကိုပုံ မကပ်ထားတော့တာလဲ?”

လင်းမြောင်က မျက်နှာသစ်နေတာဖြစ်သည်။ ဒါကိုကြားတော့ မနေ့ကအနေခက်မှုကို ပြန်တွေးမိသွား၏။ တစ်ခဏလောက် တုံ့ဆိုင်းနေပြီးမှ ဘာမှမဖြစ်သည့်ပုံစံဖြင့် ပြန်ဖြေလာသည်။

“ငါသူ့ကို နှလုံးသားထဲမှာ တွေးနေလို့ရတယ်လေ၊ ဓာတ်ပုံကပ်ထားဖို့ မလိုအပ်ဘူး”

ထျန်ကျင်းတစ်ယောက် ဟီလာတိုက်နေလျက် “ကိုကြီးဆွေ့ နင်ဘယ်တော့မှ ကောင်လေးရမှာ မဟုတ်တော့ဘူး သိလား”

လင်းမြောင် ဒါတွေကိုစိတ်မဝင်စားဘူးဟု ပြန်ပြောလိုက်ချင်နေသော်ငြား သူမစကားတွေကို ပြန်မြိုသိပ်လိုက်ရသည်။

ထျန်ကျင်းက သူမနားလျှောက်လာပြီး ရေဖြင့် မျက်နှာလာသစ်၏။ ထို့နောက် သူမဆက်ပြောလာသည်။ “ဘာလို့ဆို နင့်က သေချာပေါက် နင့်အစ်ကိုကြီးကို စံထားတာလေ၊ နင်သူ့လိုလူမျိုး တစ်ယောက်မှရှာ တွေ့နိုင်မှာမဟုတ်ဘူး”

လင်းမြောင် “…”

နေ့တိုင်းလေ့ကျင့်ခန်းတွေလုပ်ပြီး လွန်ခဲ့သည့်ရက်အနည်းကလည်း အားကစားရုံမှာ လေ့ကျင့်ခဲ့‌ပေမယ့်  အားလပ်ရက်ပြီးဆုံးသွား အားကစားအကယ်ဒမီကိုပြန်ရောက်သည့်အခါ အစပိုင်းတွင် တက်တက်ကြွကြွ ဖြစ်နေသလိုခံစားရသည်။

သို့သော်ငြား  ရက်အနည်းငယ်ကြာသည့်အခါ သူမ နေသားကျသွားပြန်တော့သည်။

သူမ အလုပ်တွေပြန်ရှုပ်လာရပြီး ထရိန်နင်ဆင်းရတဲ့နေ့တွေတွင် ရေချိုးပြီးတာနှင့် ချက်ချင်း အိပ်ပျော်သွားတော့၏။

လင်းမြောင် အတွေးမများနိုင်တော့။ သူမရဲ့အားလပ်ချိန်တိုင်းမှာ ကိုကို့ထံ တတ်နိုင်သမျှ ခဏခဏ ဖုန်းခေါ်လေသည်။

လင်းမြောင်လိုပဲ သခင်လေးရဲ့အချိန်စာရင်းကလည်း ပိုကျပ်လာသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့အတွက်တော့ တက္ကသိုလ်က အထက်တန်းကျောင်းနှင့် မတူကွဲပြားသည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now