(Unicode) Chapter 10: ဖုန်းနံပါတ်

5.3K 816 19
                                    

Unicode

လင်းမြောင်တဖြည်းဖြည်း သဘောပေါက်လာရတာက သခင်လေးက ဉာဏ်အရမ်းကောင်းတယ် ဆိုတာပင်။သူမတို့တွေ tic tac toe ကစားတုန်းက သူမပဲ အရှုံးကြီးရှုံးခဲ့၏။ သခင်လေးက ‘ငတုံးမလေး’ လို့မခေါ်ဘူးဆိုရင်တောင်မှပဲ သူမဒါကိုတော့ ဝန်ခံရပေလိမ့်မည်။

သူမတို့တွေက အကြာကြီးကစားခဲ့ကြလေသည်။ ဆရာဝန်တောင်မှပဲ သူမတို့ကို ပူညံပူညံလုပ်လာချေပြီ။
“ဆွေ့ဆွေ့ အိပ်ဖို့အချိန်ရောက်နေပြီ၊သခင်လေးအခန်းမှာ ဆော့နေတာ ရပ်တော့”

လင်းမြောင်အချိန်ကြည့်လိုက်သည်။ သေချာပေါက်အိပ်ချိန် ရောက်နေလေပြီ။
ဒါ့ကြောင့် လင်းမြောင် သူမကိုကို ကို နှုတ်ဆက်လိုက်ရင်း သူမအခန်းဆီပြန်တော့သည်။

နေ့ရက်တွေဟာ သူမထင်ထားခဲ့ သလောက်တော့ မခက်ခဲခဲ့ပါချေ။ သို့သော်ငြား သူမအခန်းပြန်ရောက်တဲ့အခါ သူမရဲ့လွယ်အိတ်ကို မြင်မိတော့ ရွာက သူမအမေ၊ သူမမောင်လေး၊ သူမအဖေ၊ သူမသူငယ်ချင်းတွေကို လွမ်းလို့လာရတော့သည်။

သူမသာမရှိရင် သူမအဖေနဲ့မောင်လေးတို့ မြို့ပေါ်သွားတဲ့အခါ သူမအမေသာ အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့ပေလိမ့်မည်။ သူမကိုပြောင်းဖူးတွေကူသယ်ပေးဖို့ ဆေးလိမ်းပေးဖို့ မည်သူမျှရှိလိမ့်မည်မဟုတ်ပေ။ သူမအမေကို အဖေနဲ့မောင်လေးတို့နဲ့အတူ  မြို့ကိုလိုက်သွားဖို့ ပြောထားခဲ့လိုက်သင့်ပေသည်။

သူမမောင်လေးရဲ့ ရောဂါသက်သာလာပြီလား အရပ်တွေကောရှည်လာနေပြီလား သူမ မသိနိုင်ပါချေ။

သူမသူငယ်ချင်းတွေကလည်း နှစ်သစ်ကူးကြရင် သူမချိုချဉ်တွေယူလာမှာ ကိုမျှော်လင့်နေကြ ပေလိမ့်မည်။

နောက်ကျရင် သူတိုဆီကို သွားလည်ရပေမည်။

တကယ်တော့ ရွာသူကြီးအိမ်မှာ တယ်လီဖုန်းရှိပြီး အပြင်မှာအလုပ်ထွက်လုပ်ကြတဲ့  လူငယ်တွေဟာ သူကနေ့တဆင့် ဖုန်းခေါ်ကြလေသည်။

ဒါပေမယ့် သူမသူ့ဖုန်းနံပါတ် တောင်းခဲ့ဖို့မေ့နေခဲ့၏။

လင်းမြောင် သူမစိတ်ထဲတွင်သာသက်မချလိုက်မိသည်။သူမဒါတွေကို ဘာလို့မတွေးထားခဲ့ရ တာပါလိမ့်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now