(Unicode)Chapter 47 : လူကြီးတွေလို မနေရအောင်

3.9K 591 22
                                    

လင်းမြောင်က အားသန်သည်။ ကျွဲကောသီးတွေကို သူမလက်ဖြင့်သာ ဆွဲခွာလိုက်ပြီး ရှောင်မိန်နဲ့အတူ စားကြလေသည်။

လင်းမြောင်သိလိုက်ရသည်မှာ မနှစ်က ရှောင်မိန် ရွာမှထွက်ကာ အလုပ်လုပ်ဖို့သွားခဲ့သည်။ ထို့နောက် သူမကိုယ်ဝန်ရသွားကာ မင်္ဂလာပွဲကျင်းပရန်ပြန်လာခဲ့ရ၏။ သူတို့ရဲ့လက်ထပ်မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းသွင်းဖို့ရာ နှစ်အနည်းငယ်လောက် စောင့်ကြရပေအုန်းမည်။

ရှောင်မိန်ရဲ့ မျက်ခုံးတွေ တင်းတင်းကြုပ်လို့ထားသည်။ သူ့ရဲ့ယောက်ျားဘက်မှ မွေးလာသည့်ကလေးက မိန်းကလေးဖြစ်နေသည့်အတွက် လိုလိုလားလားသိပ်မရှိကြ။

ထိုစဉ် ကလေးက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေ၏။ ရှောင်မိန်က ကလေးကို အိပ်ရာပေါ်တွင် သိပ်ထားပြီး ဘေးတွင်ထိုင်ကာ လင်းမြောင်နဲ့ စကားပြောနေလေသည်။

သိပ်မကြာလိုက် ကလေးနိုးလို့လာသည်။ လင်းမြောင်က သူမကိုယ်သူမ ကလေးဟုသာတွေးထားစဲ ဖြစ်တာကြောင့် ကလေးချီရမှာ ကြောက်လို့နေသည်။ သို့သော်ငြား ရှောင်မိန်ကတော့ ကျွမ်းကျွမ်းကျင်ကျင်ဖြင့် ကလေးကိုကောက်ချီလိုက်၏။

ထို့နောက် သူမပြောလာသည်။ “ရှောင်ပိုင် ဒါကသမီးရဲ့ အန်တီလေ”

လင်းမြောင် ထိုကလေးရဲ့ ချစ်စရာပါးဖောင်းဖောင်းလေးကို မထိကြည့်ပဲမနေနိုင်။ အန်တီတဲ့လား… သူမ အခု  အန်တီဖြစ်သွားချေပြီ။

ရှောင်မိန် လင်းမြောင်ကိုကြည့်နေမိသည်။ သူမကို ငယ်စဉ်ကတည်းက မနာလိုဖြစ်မိရသည်။ ထိုအချိန်က သူမရဲ့မိသားစုဟာ ဆင်းရဲသော်လည်းသူမရဲ့အမေက သူမကို‌ပွေ့ဖက်တတ်ပြီး ရွာထိပ်တွင် သူမပြန်အလာကိုစောင့်၍ အိမ်အတူပြန်လေ့ရှိကာ သူမရဲ့မောင်လေးက သူမကိုအနိုင်ကျင့်ရင်လည်း အပြစ်ပေးတတ်သည်…

ရှောင်မိန်ရဲ့မျက်လုံးတစ်ဝိုက် နီရဲလို့လာသည်။ သူမရဲ့သမီးကိုသာ ဂရုစိုက်ရန်အမြန်ထလိုက်ပြီး သူမရဲ့ခံစားချက်တွေကို လင်းမြောင်မမြင်အောင် ဖုံးကွယ်လိုက်သည်။

သူမရဲ့သမီးလေးဟာ လင်းမြောင်လိုပဲဖြစ်လာဖို့ သူမမျှော်လင့်မိသည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now