(Unicode)Chapter 50 : ကိုကိုနဲ့ပြန်ဆုံပြီ

4.2K 601 17
                                    

Unicode

လင်းမြောင်အမေသည် အစတုန်းက လင်းမြောင်တစ်ယောက် ရှောင်လင်းကို လွယ်လွယ် ကူကူနေရာမှာပဲ ဝှက်ထားလိမ့်မည်ဟု ထင်ထားခဲ့သည်။

လင်းမြောင်က ရှောင်လင်းကို ညကြီးမိုးချုပ မြို့ပေါ်ခေါ်သွားလိမ့်မည်ဟု မထင်ထားခဲ့။

လင်းမြောင် ပြောပြလိုက်တော့ အကုန်လုံး အံ့အားသင့်သွားကြသည်။

အမေဖြစ်သူရဲ့လက်ဟာ လင်းမြောင်ခေါင်းပေါ်ပြေးလွှားသွားရင် “သတ္တိတွေ သိပ်ရှိနေတယ်ပေါ့!”

သူမ ဘာပြောရမှန်းတောင်မသိတော့။ တကယ်တမ်းတွင် လင်းမြောင်တို့ဟာ တောင်ဆင်း လမ်းတစ်လျှောက် မိုးဖြိုင်ဖြိုင်ရွာနေတဲ့ ညသန်းခေါင်ယံကြီးတွင် သုံးနာရီကြာလမ်းလျှောက်ခဲ့ရသည်။

လင်းမြောင်အမေသည် လင်းမြောင်နဖူးပေါ်လက်တင်ကာ ကိုယ်အပူချိန်စမ်းကြည့်လိုက်၏။ လင်းမြောင်မှာ အဖျားမရှိဘူးဆိုတာသေချာတော့မှာ စိတ်သက်သာလေတော့သည်။

လင်းမြောင် သူမအမေကိုပြုံးပြလိုက်လျက် “နောက်တစ်ခါကျရင် သမီးပိုစဉ်းစားဆင်ခြင်ပြီးမှ လုပ်ပါ့မယ်”

မနေ့ညတုန်းက သူမတွင် ဘာအစီအစဉ်မှမဆွဲထားခဲ့။ သူမနှလုံးသားစေခိုင်းရာအတိုင်း လုပ်ခဲ့ခြင်းသာ ဖြစ်လေသည်။

မြို့ကိုဝင်တော့ ရှောင်လင်းဆီသို့ ချက်ချင်းသွားလိုက်ကြသည်။ ရှောင်လင်းက ရွာပြင်ကိုတစ်ခါမှ မထွက်ဘူးချေ။မြို့မှာတစ်ယောက်တည်းမနေဘူးတာကြောင့် လူကြီးတွေဟာအနည်းငယ် မယုံကြည်နိုင်ဖြစ်လို့နေကြသည်။

သို့ပေမယ့် ဟိုတယ်ကိုရောက်သည့်အခါ လင်းမြောင်လိမ်နေတာမဟုတ်ဘူးဆိုတာ သိလိုက်ကြရသည်။ ရှောင်လင်းက အဖျားဒဏ်ခံနေရပြီး အိပ်ရာပေါ်တွင်လှဲလျောင်းလျက် မထနိုင်တော့ချေ။

လင်းမြောင်မိဘတွေဟာ ဆေးရုံသို့ ရှောင်လင်းကိုခေါ်ကာ လင်းမြောင်နှင့်အတူ အမြန်သွားကြရ လေသည်။

လင်းမြောင်ကဘာမှမဖြစ်ပေမယ့် ရှောင်လင်းရဲ့အဖျားက အတော်လေး ကြီးနေသည်။ သူမ ဆေးသွင်းဖို့ လိုလေသည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now