(Zawgyi) Chapter 14: သခင်လေးရေကျောက်ပေါက်ခြင်း

2.4K 137 0
                                    

Zawgyi

အဖွားခဏတဖြုတ်မရှိနေသောကြောင့် ဒီအိမ်မှာ ဆရာဝန်နဲ့ အိမ်တော်ထိန်းကြီးသာ ကိစ္စအဝဝတွင် ကွပ်ကဲရန်လူကြီးများဖြစ်လာကြသည်။

သခင်လေး မှာသူတို့ရဲ့ တားမြစ်ပူပန်မှုများကြောင့် စိတ်ညစ်နေစဉ်မှာတော့ လင်းမြောင် သူတို့ကို အနည်းငယ်ကြောက်ရပေသည်။

ဒါကြောင့်ပဲ အေးဂျင့်သေးသေးလေးနှစ်ယောက်ဟာ  သူတို့ခွင့်မပြုထားတဲ့ကိစ္စတွေကို နောက်ကွယ်မှာပြုလုပ်တတ်ကြ၏။

ဆရာဝန်ထွက်သွားတဲ့အခါမှာတော့ လင်းမြောင်ဟာ အိပ်ရာဘေးကို ငုံ့ချလျက် သူမအိပ်ရာအောက်ထဲ ပစ်ထုတ်မလိုက်တဲ့ စာရွက်အပိုင်းတွေကို ပြန်ယူလိုက်သည်။
နှစ်ယောက်သား ခဲတံသုံးပြီး ဆက်ကစားကြတော့လေသည်။
လင်းမြောင်ကတော့  သနားစရာကောင်းလောက်အောင် ထပ်ရှုံးပြန်ပါလေရော။

ညနေခင်းမှာတော့ ဆရာဝန်က အခန်းကို စစ်ဆေးလိုက်ပြီး မီးတွေပိတ်ကာ သခင်လေး အိပ်ရာပေါ်မှာ ငြိမ်ငြိမ်လေးအိပ်နေတာကို မြင်တော့မှ ထွက်သွားလေတော့၏။

ဆရာဝန် ချက်ချင်းအောက်ဆင်းသွားတာနဲ့ သခင်လေးရဲ့ ဘေးအခန်းတံခါးပွင့်လာလေသည်။ ရိုးတိုးရိပ်တိပ် ပုံရိပ်လေးဟာ ကျွမ်းကျင်ပိုင်နိုင်စွာပဲ သခင်လေးရဲ့အခန်းထဲကို ခိုးဝင်သွား၏။

လင်းမြောင် အိပ်ရာပေါ်မှာလဲရင်း
“ကိုကို ရဲ့စောင်နဲ့ခေါင်းအုံးတွေက အနံ့အရမ်းကောင်းတာပဲ၊ နေရောင်အနံ့လိုမျိုးပဲ”

“သူတို့တွေ နေရောင်အောက်မှာ လှမ်းထားလို့လေ၊မင်းအခန်းကို ပြန်သွားရင် မင်းစောင်တွေလည်း အတူတူပဲ ဖြစ်နေလိမ့်မယ်”
သခင်လေးက သူမခေါင်းလေးကို ဖွလိုက်၏။

လင်းမြောင်အိပ်ရာပေါ်မှာ လိမ့်နေရင်း ရုတ်တရက် တစ်ခုခုကို သတိထားမိသွားသည်။
“ဟင်…ဒါကငါ့ဟာတွေ လို့ထင်တယ်၊ ကိုကို့စောင်တွေမှာ ဂျပန်ပျားရည်စို့ပန်းလေးတွေ ပါတယ်၊ ငါ့ဆီမှာက ဒီလိုပန်းတွေပါတာလေ”

သူမ ဂျပန်ပျားရည်စို့ပန်းတွေကိုသာသိလေသည်။ ဘာလို့ဆို သူမတို့အိမ်နောက်ဖေးမှာ ထိုပန်းတွေ အများအပြားပေါက်နေသောကြောင့်ပေ။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now