(Unicode)Chapter 39 : ကိုကို လာလည်ခြင်း

4.3K 662 18
                                    

Unicode

သူမရဲ့အသင်းဖော်တွေအကုန်လုံး ကိုယ်ပိုင်ဖုန်းကိုယ်စီ ရှိနေကြပြီဖြစ်သော်ငြား လင်းမြောင်မှာတော့ ခုထိမရှိသေးပေ။ သို့ပေမယ့် သူတို့ဖုန်းသုံးရဖို့ အခွင့်အရေးက ရှားပါးလွန်းလှသည်။ ထို့ကြောင့် လင်းမြောင် ဘယ်တော့မှာ မဝယ်ခိုင်းခဲ့ပေ။

သခင်လေးလည်းပဲ ဖုန်းနံပါတ်အမျိုးမျိုးဆီမှ ဖုန်းကောလ်တွေ လက်ခံရတာကို ကျင့်သားရနေလေပြီ။

သို့သော်လည်း ဒီအတွက်ကြောင့် လင်းမြောင်ထံသူ ဖုန်းမဆက်နိုင်။ သူမ ဖုန်းဆက်လာမှာကိုသာ စောင့်ရတော့သည်။

အိပ်ပျော်ဖို့ သူ့မှာ ရုန်းကန်နေရသည်။ ဒီနေ့ လင်းယဲ့ပြောခဲ့တာတွေကြောင့် ဖြစ်မည်ထင်။

သူ့ကမ္ဘာနဲ့ လင်းမြောင်ရဲ့ ကမ္ဘာဟာ အခြေခံအားဖြင့် နှစ်ခြမ်းကွဲသွားရချေပြီ။

လင်းမြောင်မှာတော့ သူမရဲ့နည်းပြကြီး၊ အတန်းဖော်တွေ ၊အခန်းဖော်တွေနဲ့ သူ့မရဲ့မိသားစု…

သခင်လေးရဲ့ကမ္ဘာမှာတော့ သူ့ရဲ့မိသားစုဝင်တွေ ၊တဟောင်၊ ဖေ့ဖေ့၊ ကျားကျားနဲ့ ကျောင်းအသိုင်းအဝိုင်းက တချို့သာလျှင်ဖြစ်သည်။

လင်းမြောင် ကျောင်းမှာ ဘယ်လိုလေ့ကျင့်ရလဲ ၊ သူမရဲ့ဦးစားပေးအရာကို မသိသလို ၊ သူမဘာတွေ မနှစ်သက်သလဲ၊ ပြီးတော့ သူမ ဘယ်သူနဲ့ နေ့တိုင်းစကားပြောသလဲ ဆိုတာတွေကို သူသိချင်မိသည်။

သခင်လေး သူ့အိပ်ရာကနေ ထထိုင်လိုက်သည် ။ သူ့ဖုန်းက တိတ်ဆိတ်ငြိမ်သက်လို့နေ၏။  အခု သူမ အခန်း‌ဖော်တွေနဲ့ အောင်ပွဲခံနေမလား ဒါမှမဟုတ် မနက်ဖြန်အတွက် လေ့ကျင့်နေမလား?

အားကစားသမားအချင်းချင်း ကြိုက်ကြတယ်ဆိုတာ မကြုံစဖူး… လွန်ခဲ့တဲ့အချိန်အနည်းငယ် တုန်းက အတွဲတစ်တွဲရှိပေမယ့် အမျိုးသားဖြစ်သူက ဖောက်ပြန်သွားခဲ့သည်…

သခင်လေး အတွေးထဲမှာ လင်းယဲ့နဲ့ဂေါင်ရှင်းတို့ ပြန်လည်ဝင်ရောက်လာသည်။ သူတို့မှာ ကိုယ်စီကိုယ်ငှသီးသန့် အချစ်ရေး ရှိနေကြပြီဖြစ်သည်။

သခင်လေး ခေါင်းခါလိုက်၏။ နိုး…နိုး…လင်းမြောင်ကိုတော့ ဒီလိုလူမျိုးတွေနဲ့ လုံးဝပဲ၊ သူတားကိုတားရလိမ့်မည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now