(Unicode)Chapter 54 : ဒရာမာကွင်း

3.8K 572 79
                                    

Unicode

သခင်လေးအမေမှာ ကမ္ဘာသစ်တစ်ခုသို့ ခြေလှမ်းချလိုက်ရသကဲ့သို့ ခံစားနေရလျက် ရှင်းပြလာသည်။
“အရင်တုန်းက ရုပ်ရှင်ရိုက်ဖို့ နေရာအနံ့သွားနေခဲ့ရလို့ အရမ်းအလုပ်ရှုပ်နေခဲ့တာ၊ မဟုတ်လို့ကတော့ ငါ့ကိုမုန်းတဲ့သူတွေအကုန်လုံး သူတို့ဘဝအကြောင်း ပြန်မေးပြီး ချေမှုန်းပစ်လိုက်တယ်”

သခင်လေး “…”  ဘာပဲဖြစ်ဖြစ် သူကငါ့အမေ၊ ငါနဲ့Tic tac toe ကစားနေတဲ့သူမဟုတ်ဘူး

သခင်လေးအမေသည် နောက်တစ်ခုကိုတွေးမိသွားပြီးတော့ “အာ ဟုတ်သား ငါလည်း ဆွေ့ဆွေ့ပြိုင်ပွဲကို သွားကြည့်မှာ”

“မဖြစ်ဘူးအမေ လူကြီးတွေ သူ့ကိုကြည့်နေတာသိသွားရင် သူစိတ်လှုပ်ရှားလိမ့်မယ်” သခင်လေးက ချက်ချင်း ပြန်ပြောလာသည်။

ဒါ့အပြင် သခင်လေးအမေက ဖျော်ဖြေရေးလောကမှ အနားယူလိုက်သော်ငြား သူမက ပေါ်ပြူလာဖြစ်နေစဲ။ သူမသာ သွားကြည့်လျှင် သတင်းခေါင်းစီးတွေမှာ ထိပ်ဆုံးဖြစ်ပေအုန်းတော့မည်။

“အိုး” သခင်လေးအမေက ဆိုလာပြီးဒိန်ချဉ်စားနေလေသည်။ ပြီးတော့မှ သူမခေါင်းပြန်မော့လာကာ “မှန်တယ်၊ သူနဲ့ရင်းနှီးတဲ့လူကြီးတွေ လာကြည့်နေတာကိုသိရင် စိတ်လှုပ်ရှားလွယ်လိမ့်မယ်၊ ငါရုပ်ရှင်ရိုက်တုန်းကလည်း မင်းအဖိုးအဖွားတွေလာကြည့်တော့ ငါ့မှာ စိတ်လှုပ်ရှားပြီး သရုပ်ဆောင်တာကို့ရို့ကားယားတွေကို ဖြစ်လို့”

သခင်လေးက ပြန်ဖြေလာသည်မှာ “ဟုတ်တယ် အဲ့ခံစားချက်ကြီးကိုပြောနေတာ ၊ ကျွန်တော် အမေ့ကို ဓာတ်ပုံတွေ ပို့လိုက်ပါ့မယ်”
-
-
-
သို့ပေသော်လည်း သခင်လေး လေယာဉ်ပေါ်တက်ဖို့လုပ်သည့်အချိန် မိန်းကလေးတစ်ယောက် သူ့ဆီသို့ လျှောက်လာနေသည်ကို မြင်လိုက်ရသည်။ သူမဟာ ဖိနပ်အပါးလေးစီးထားပြီး ဂျင်းဘောင်းဘီနှင့် ကာမိုတီရှပ်ကိုတွဲဖက်ဝတ်ဆင်ထားကာ အနက်ရောင်နေကာမျက်မှန်တပ်ထား၏။ ဆံပင်ကို ပိုနီတေးစည်းထားပြီး နဖူးပေါ်တွင် ဆံမြိတ်ချထားသည်။

သခင်လေး “အမေ…”

သခင်လေးအမေက ဘေးဘီကိုလှည့်ကြည့်လိုက်ပြီးမှ “အတန်းဖော် နင်ငါ့ကိုပြောနေတာလား?”

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now