(Unicode) Chapter 53 : ပြိုင်ပွဲအကြောင်း

3.8K 645 48
                                    

Unicode

မနေ့ညတုန်းက သခင်လေးတစ်ယောက် ဘာတွေဖြစ်နေရှာလဲဆိုတာ လင်းမြောင်မသိလေဘူး။

မနက်နိုးလာသည့်အခါ သူမဖုန်းက ပိတ်နေတာကို တွေ့လိုက်ရသည်။ ‘ငါမနေ့က ဖုန်းချဖို့မေ့သွားတာပဲ အဲ့တာကြောင့် ဖုန်းအားကုန်သွားတာကိုး’

လင်းမြောင် ဖုန်းအားသွင်းလိုက်ပြီး ထရိန်နင်ဆင်းဖို့သွားတော့၏။

နေ့လယ်ခင်းတွင် လူတစ်ယောက် လာခေါ်ပြီး သူမအမေက သူမထံလာလည်ကြောင်း  ပြောလာခဲ့သည်။

လင်းမြောင် ကျောင်းဂိတ်ပေါက်ဝသို့ ပြေးသွားလိုက်တော့ သူမအမေနှင့် ရှောင်လင်းက ဂိတ်ရဲ့ တစ်ဖက်ခြမ်းမှာ ရပ်နေကြလေသည်။

အမေက သူမကို အသားခြောက်တွေ တစ်ထုတ်လိုက်ကြီးပေးလာသည်။

အားကစားအကယ်ဒမီက လူတိုင်းဟာ အစားအသောက်ကန့်သတ်ချက်အတိုင်း လိုက်နာရပြီး အထူးသဖြင့် အပြင်မှာထွက်စားကြသည့်အခါပင်။ အိမ်မှာစားသည့် အသားများဟာ သူမအမေ ရွာကနေ ဝယ်ထားသည့် အသားများဖြစ်လေသည်။ အကုန်လုံးက ဟော်မုန်းလွတ်ဖြစ်ပြီး အောဂဲနစ်စစ်စစ် များဖြစ်ကြ၏။

ထို့ကြောင့် သူမကို အသားခြောက် စားဖို့ ခွင့်ပြုထားလေသည်။

ရှောင်လင်းက မူကြိုတန်းစာကို စတင်သင်ကြားဖို့ရွေးချယ်ထားပြီး အထက်တန်းကျောင်းတွေက သူမအခြေအနေကြောင့် တက်ခွင့်မပေး။ ရှောင်လင်းက ရွာတွင် မူလတန်းအအထိသာပြီးထားပြီး အလယ်ကျောင်းသို့ မတက်ခဲ့။ သူမရဲ့အဆင့်တွေကလည်း မကောင်းလှပေ။  လင်းစန်က အဆင့်ကောင်းသဖြင့် အိမ်တွင်သာ လင်းစန်နှင့်စာလုပ်ရန် အစတုန်းက တွေးထားခဲ့သည်။ သူမရဲ့ မူလတန်းတုန်းက အမှတ်တွေက ကောင်းလှသည်တော့မဟုတ်။ ထို့ကြောင့် သူမစာတွေ အရင်ပြန်ကြည့်ပြီးမှ အလယ်တန်းကျောင်းသို့ ဝင်နိုင်မှာဖြစ်လေသည်။ ကံမကောင်းသဖြင့် ရှောင်လင်းရဲ့ အခြေခံက အရမ်းမကောင်း၍ သူမစာကြိုးစားသောလည်း ရလဒ်ကသိပ်မကောင်း။

လင်းမြောင်ရဲ့မိဘတွေက ရက်အတော်ကြာဆွေးနွေးခဲ့ကြပြီးနောက် တခြားနည်းလမ်းအမျိုးမျိုးကို စဉ်းစားကြ၏။ သူမရဲ့အနာဂါတ်အတွက် ပေးထားတဲ့ ကတိကိုထိန်းသိမ်းထားစဲ ဖြစ်တာကြောင့် သူတို့ရှောင်လင်းကို ဘာလုပ်နိုင်မလဲဆိုတာ စုံစမ်းကြသည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now