Chapter 84

3.8K 538 4
                                    

Unicode

ကစားကြမယ်

ဟုတ်ပါတယ် လင်းမြောင်က ပိတ်ရက်အနည်းငယ်ပြီးသွားရင် ပြန်ရတော့မှာလေ။ လင်းစန်က သူတို့တွေ တွဲနေကြတဲ့ အကြောင်း အမေ့ကို ပြောမှာမဟုတ်ဘူး။

လင်းမြောင်နဲ့ ယုကျင်းရွှမ်တို့ကတော့ အမှုမဲ့ အမှတ်မဲ့ဖြင့်သာ ထန်းယွမ်ကို တစိမ့်စိမ့် အရသာခံနေကြစဲ။

မနက်စာစားပြီးသွားကြတော့ လေးယောက်သား လုပ်စရာမရှိဖြစ်နေသည်။

သူတို့တွေထဲက တစ်ယောက်မှ တီဗွီထိုင်ကြည့်ရတာလည်းမကြိုက်သလို ဖုန်းပွတ်ရမှာလည်း မကြိုက်ကြ။ ပုံမှန်ဆိုလျှင် လင်းမြောင်က ကြက်တောင်ကစားနေမည်ဖြစ်ပြီး လင်းစန်က စာဖတ်ကာ ရှောင်လင်းနဲ့ ယုကျင်းရွှမ်တို့က စာလုပ်နေကြပေလိမ့်မည်။ ဒါပေမယ့် နှစ်သစ်ကူးဖြစ်သည့်အတွက် သူတို့ အနားယူဖို့ အချိန်ယူထားကြလေသည်။

သို့ဖြစ်ရာ လင်းမြောင်က ဂိမ်းကစားဖို့  အကြံပြုလာသည်။

Tic tac toe ကနှစ်ယောက်ကစားရတာဖြစ်သဖြင့် အလိုလိုပယ်သွားသည်။

ကြက်တောင်ကစားပြီး ကျန်သုံးယောက်ကို သူမကပဲ အနိုင်ယူမိပြန်ရင်လည်း ပျော်စရာကောင်းမည် မဟုတ်တော့။

ထို့ကြောင့် ငယ်ငယ်တုန်းက ကစားဖူးတဲ့ ရေခဲခွဲဂိမ်းကစားဖို့ လင်းမြောင် တွေးလိုက်မိသည်။ ဒါပေမယ့် လူနည်းနည်းသာရှိသည်။ အဲ့သလိုဆိုရင် ပျော်စရာမကောင်း။

သူမငယ်ငယ်တုန်းက ရွာကကလေးများနှင့် ဆော့ခဲ့ဖူးသည်။ လူများလေလေ ပိုပျော်စရာကောင်းလေပဲ။

ရှောင်လင်းက မူလတန်းကြိုပညာရေးနဲ့ပတ်သတ်ပြီး လေ့လာနေသူဖြစ်တာကြောင့် သူမက ကစားနည်းတွေနဲ့ ပတ်သတ်ပြီး ပိုသိလေသည်။
“ဆုံးဖြတ်ဂိမ်း ကစားရအောင်!”

သူမတို့မှာ လူလေးယောက်ပဲ ရှိသည်။ ထို့ကြောင့် လင်းမြောင်က ဘေးခန်းက ကလေးတွေကို ထပ်ခေါ်လိုက်၏။

သူမက အိုလံပစ်ချန်ပီယံဖြစ်သည့်အလျောက် သူမတို့တိုက်တွင် အနည်းငယ်ပေါ်ပြူလာဖြစ်သည်။ တခြားကလေးများ၏အမြင်တွင် သူမဆိုတာ တီဗွီထဲမှာပါလာပြီး အိုလံပစ်ရွှေတံဆိပ်ရခဲ့သူဖြစ်သဖြင့် ထူးချွန်ပြောင်မြောက် လူတစ်ဦးဖြစ်လေသည်။ သူမရဲ့အောင်မြင်မှုတွေကြောင့် ကလေးများရဲ့ မိဘတွေကလည်း သူတို့ကလေးတွေကို လင်းမြောင်နဲ့အချိန်ပေးဖြုန်းတာကို သဘောကျကြသည်မှာ သဘာဝဖြစ်၏။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now