(Unicode)Chapter 48 : ဒါသူမ သူငယ်ချင်းပဲ

3.9K 611 18
                                    

Unicode

ခဏနေတော့ လင်းမြောင်အမေရောက်လာပြီး သူမဘေးနားတွင်လာထိုင်သည်။

ဒီနေ့ဖြစ်ပျက်သမျှအရာတိုင်းကို သူမအာရုံစိုက်မိလေသည်။

လင်းမြောင် သူမအမေကို ဖက်လိုက်၏။ “မေမေ”

သူမအသံက  ငိုရှိုက်သံတို့စွက်နေသည်။ ဤနေရာတွင် သက်မှတ်ချက်ရှိပေလောက်မည်။ သူမကြီးလာသည့်အခါကလျှင် သူမဘဝ မည်သို့ဖြစ်မည်ကို မသိသည့်အတွက် စိတ်ညစ်နေမိသည်။

သူမနှလုံးသားတစ်ခုလုံး ဝမ်းနည်းမှုတွေနှင့်သာပြည့်လျှမ်းနေသည်။ ရှောင်မိန်နှင့်သူ့ကလေး အလျင်စလို ပြေးသွားရသည်ကို တွေးမိသည့်အခါတိုင်း သူမခန္ဓာကိုယ်တစ်ခုလုံး ဝမ်းနည်းမှုတွေတလိပ်လိပ် တက်လာရသည်။

“ဒါကဆွေ့ဆွေ့အတွက် လက်ခံဖို့ခဲယဉ်းမယ်ဆိုတာ မေမေသိတယ်၊ ဒါပေမယ့် ဒါက ရွာမှာနေရတဲ့ မိန်းကလေးတွေရဲ့ အခြေအနေပဲ” လင်းမြောင်အမေက လင်းမြောင်ခေါင်းလေးကို ပွတ်ပေးလာရင်း “မိဘတွေက ယောက်ျားလေးပဲလိုချင်ကြတယ် ပြီးတဲ့အခါကျတော့ ကလေးတွေ ကြီးလာရင်လည်း သူတို့ပုံစံအတိုင်းပဲဖြစ်လာစေချင်ကြတာ”

လင်းမြောင်ရဲ့မျက်ရည်တွေဟာ ပါးပြင်ပေါ်မှလှိမ့်ဆင်းသွား၏။

“ဒါပေမယ့် သမီးဒီလိုမဖြစ်ချင်ဘူး” ဒါဟာ သူမရဲ့ကလေးဘဝနေ့ရက်တွေ ပျောက်ဆုံးသွားပြီ ဖြစ်ကြောင်း ထင်ရှားလာစေသည်။

လင်းမြောင်အမေဟာ သက်ပြင်းချလိုက်မိသည်။ ဒီရွာက ကောင်မလေးတွေအားလုံးဟာ ကြင်နာတတ်တဲ့ကလေးများဖြစ်ကြပြီး လင်းမြောင်နှင့် အလွန်ပင်ခင်မင်ရင်းနှီးကြသည်။

လင်းမြောင်သည် မိဘတွေက မြို့မှာအလုပ်လုပ်ကြသည်ဖြစ်၍ မြို့မှာသာကြီးပြင်းလာခဲ့လေသည်။ သူမအသက်နည်းနည်းကြီးလာမှ ရွာကိုပြန်လာနိုင်ခဲ့ရသည်။

ရှောင်လင်းကလွဲလျှင် ကျန်သည့်မိန်းကလေးများဟာ လင်းမြောင်ထက်ကြီးကြသည်။ လင်းမြောင်က ပိန်သွယ်ပြီး မြို့ကလာသဖြင့် လူတိုင်းဟာ သူမကို သူတို့ရဲ့ညီမငယ်လေးအဖြစ် ယူဆထားကြသည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now