Chapter 101

4.7K 555 43
                                    

Unicode

သူမ တုံးတာပဲ

နှစ်ယောက်စလုံး ထမင်းချက်ငှားဖို့ အလိုဆန္ဒမရှိကြသဖြင့် သူတို့ရဲ့အချိန်တွေကို ဟင်းချက်သင်ဖို့သာ မြှုပ်နှံထား၏။

လင်းမြောင်က ငယ်ငယ်တုန်းက ချက်ခဲ့ပြုတ်ခဲ့ပြီး နောက်ပိုင်းမှာလည်း မီးဖိုချောင်ထဲမှာ မကြာခဏ ကူညီပေးလေ့ရှိသဖြင့် လင်းမြောင်မှာ အရင်ကတည်းက ဗဟုသုတတချို့ရှိလေသည်။

ယုကျင်းရွှမ်က လုံးဝအတွေ့အကြုံမရှိ။ ဒါပေမယ့် သူပုံစံက စချက်တဲ့သူတစ်ယောက်နဲ့ လုံးဝမတူဘူး။ သူက ဘာမဆို စမ်းကြည့်ရဲသည်။

လင်းမြောင်ရဲ့ မိဘတွေက နေ့လယ်စာစားဖို့ ပြန်မလာတတ်ကြ။ ထို့ကြောင့် လင်းမြောင်နှင့် ယုကျင်းရွှမ်တို့က ကိုယ့်ကိုယ်ဝမ်းကိုယ်ဖြည့်ဖို့ဖြစ်လာသည်။

ပထမဆုံးချက်ကြတာက ထမင်း။ ရိုးရှင်းပြီး အချိန်မပေးရပဲပြီးသွားသည်။

အရွက်ကြော်တာကလည်း အတော်လေးလွယ်သည်။ စိန်အခေါ်ရဆုံးအပိုင်းကတော့ ငါးဟင်းချက်ရတာပင်။

မီးဖိုချောင်ထဲမှာ ရုန်းကန်ခဲ့ကြပြီး နောက်ဆုံးတော့ အသားဟင်းကို ချက်ပြုတ်ပြီးသွားတော့သည်။ ဒါက…စားလို့ရသလောက်တော့ ငန်ပေမယ့် ကောင်းသင့်သလောက်တော့ မကောင်းဘူး။

လင်းမြောင်က စာမေးပွဲဖြေပြီးသွားပြီဆိုတော့ မေမေယုက လင်းမြောင်နဲ့ ထမင်းအတူစားဖို့ မနေနိုင်ပြန်တော့ဘူး။

သူတို့တက္ကသိုလ်တက်နေတုန်း လက်ထပ်ကြမယ်ဆိုလျှင် နှစ်အနည်းငယ်တွင်းမှာ သူမတို့က မိသားစုဖြစ်လာကြပေတော့မည်။ အဲ့လိုဖြစ်ဖို့လည်း အခွင့်အရေးစစ်စစ်ရှိနေလေသည်။

ယုကျင်းရွှမ်အမေက အကောင်းဘက်နေ ဒီလိုတွေးသည်။ လင်းမြောင်က အဆောင်ခန်းကလူတွေနဲ့ အံ့ဝင်ခွင်ကျဖြစ်ဖို့ အနည်းငယ်ခက်ခဲလောက်မည်။ သူမက၂၁နှစ်ရှိနေချိန်မှာ တခြားသူများက ၁၈၊ ၁၉ အရွယ်လေးတွေမျှသာရှိအုန်းမည်။ သူမက ကမ္ဘာ့ချန်ပီယံဟောင်းလည်းဖြစ်နေသည်။

သို့ပေမယ့် ဒါတွေအကုန်လုံးကို ဖြေရှင်းဖို့ဆိုလျှင် သူမရဲ့သားက တက္ကသိုလ်အနီးနားရပ်ကွက်တစ်ခုမှာ အိမ်တစ်လုံးဝယ်မှဖြစ်မည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now