Chapter 103

4.6K 555 24
                                    

Unicode

ကလေးမွေးပြီ

လင်းမြောင်က စားသမျှပြန်အန်ထွက်နေသည်။ ကျောင်းသို့သွားသည့်လမ်းရှိ အိမ်များထံမှ အစားအသောက်အနံ့များရလျှင်ပင် သူမအန်ချင်လာသည်။

ယုကျင်းရွှမ်က အလွန်အမင်းပူပန်ပြီး လင်းမြောင်ကို အိမ်ပြောင်းစေသည်။ သူက ဘယ်သောအခါမှ ပိုက်ဆံပြတ်လတ်မနေ။  ကျောင်းနားမှာနေတယ်ဆိုတာက အရင်တုန်းက သူ့အတွက် ကျောင်းသွားကျောင်းလာ ပိုလွယ်ကူအောင်လို့သာ။

တခြားရပ်ကွက်က လုံးချင်းဗီလာတစ်ခုဆီသို့ ပြောင်းလာခဲ့ကြသည်။ အခုတော့ တခြားသူတွေ ဟင်းချက်တဲ့အနံ့ရမှာ စိုးရိမ်ဖို့ ထပ်မလိုတော့ဘူး။

လင်းမြောင်က တစ်နေ့လုံးအိမ်ထဲမှာနေလျှင် ခံစားချက်မကောင်းဖြစ်မှာ ယုကျင်းရွှမ် စိုးရိမ်သဖြင့် တစ်ချိန်လုံး သူလည်း သူမနှင့်အိမ်မှာ နေပေးသည်။ သူမက သူ့ရဲ့အရည်အချင်းတွေကို အမြဲမနာလိုလေ့ရှိတာကြောင့် သူမကို ပုံဆွဲသင်ပေးဖို့ ဆုံးဖြတ်လိုက်သည်။

သူမတို့ဆေးစစ်တဲ့ရလဒ်ကနေ အရာအာလုံးကို နှစ်ယောက်သား ဖြေးညှင်းစွာရေးဆွဲနေကြသည်။ သူမတို့ရဲ့ စိတ်ဝင်စားစရာအခိုက်အတန့်လေးတွေအားလုံးကို ရေးဆွဲနေကြသည်။ နောက်ပိုင်း သူမတို့ရဲ့ကလေးအတွက် ကြိုတင်လက်ဆောင်ဖြစ်၏။

လင်းမြောင် သူမဆွဲထားတဲ့ပုံကိုကြည့်ပြီးနောက် ယုကျင်းရွှမ်ရဲ့ပုံကိုကြည့်လိုက်တော့…

ထို့နောက် သူမရဲ့ဗိုက်လေးကိုပွတ်ကာ အလေးအနက်ပြောလာသည်။
“ကလေးရေ ပုံဆွဲမယ်ဆိုရင် ဖေဖေ့ဆီကပဲ သင်ရမယ်နော် မေမေ့ဆီကမသင်ရဘူးနော် ဟုတ်ပြီလား”

ယုကျင်းရွှမ်မှာ သူမရဲ့အသံကြောင့် ရယ်ချင်သလိုရှိသွားသော်ငြား သူမက ‘ဖေဖေ’ နဲ့ ‘မေမေ’လို့ ရည်ညွှန်းပြောဆိုလာတဲ့အခါ ရင်ထဲနွေးသွားရသည်။

သူအရင်တုန်းက ကောင်းကောင်းနားမလည်ခဲ့ဖူး။ ဒါပေမယ့် ဘာကြောင့် မိဘတွေအများကြီးက ကလေးလိုချင်ကြလဲဆိုတာကို ပိုပြီးတော့ သိမြင်လာရသည်။ ဒါက အလွန့်အလွန်ကျေနပ်အားရစရာကောင်း၏။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now