Chapter 87

3.6K 496 8
                                    

Unicode

ပွေ့ဖက်ခြင်း

ဆောင်းဦးလယ်ပွဲတော်ပိတ်ရက်တွင် လင်းမြောင် စာအုပ်တွေတစ်ထပ်လိုက်ဖြင့် အိမ်ပြန်သည်။

ယုကျင်းရွှမ်က ကျောင်းအပြင်ဘက်တွင် စောင့်နေ၏။

လင်းမြောင်က အရပ်ရှည်လာပေမယ့် ယုကျင်းရွှမ်က သူမထက်ပိုပြီးတော့ ပြောင်းလဲသွားသည်။ အနောက်တိုင်းဝတ်စုံပြည့်ပင် ဝတ်ဆင်လို့ထား၏။

အရင်တုန်းက လူကြီးတွေ အနောက်တိုင်းဝတ်စုံဝတ်တာတွေ့သည့်အချိန်များတွင် ကိန်းကြီးခန်းကြီးနိုင်သည်ဟု သူမအမြဲတွေးခဲ့ဖူးသည်။ ဒါပေမယ့် အခုတော့  ယုကျင်းရွှမ်ဝတ်သည့် အခါကျ အရမ်းခန့်ညားလွန်းတယ်ဟု တွေးနေမိ၏။

လင်းမြောင်ရဲ့အကြည့်တွေကိုမြင်တော့ အနေခက်ခက်ဖြင့် သူစတင်ရှင်းပြလာသည်။

“ဒီနေ့ ပညာရေးညီလာခံရှိလို့လေ၊ အဲ့တာကြောင့် သပ်ရပ်တာလေးဝတ်သွားတာ၊ ကိုကို့ ပုံစံက ထူးဆန်းနေလို့လား”

“မဟုတ်ပါဘူး” လင်းမြောင် ယုကျင်းရွှမ်ကိုကြည့်ရင်း သူ့လက်ကို လှမ်းကိုင်လိုက်သည်။ “ကိုကိုက အရမ်းချောတာပဲ”

ယုကျင်းရွှမ်က လင်းမြောင်ရဲ့ စာအုပ်တွေကိုသယ်ပေးပြီး ကားပေါ်တက်သွားကြသည်။

ထိုပုံက အင်တာနက်ပေါ်ရောက်ရှိလာလေတော့ ကျောက်ခေတ်လူသားအတွဲဖန်တွေ ပြန်ပေါ်လာကြ ပြန်လေသည်။

အတော်လေးအချိန်ကြာသွားခဲ့လျှင် အရူးအမူးအတွဲပရိတ်သတ်များမှာ တခြားအတွဲများကို ပြောင်းship ကြပေတော့မည်။

အတွဲပရိတ်သတ်တွေနဲ့ယှဉ်လျှင် လင်းမြောင်ရဲ့အားကစားပရိတ်သတ်များက ပိုပြီးတော့ အံ့ဩစရာများလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာတင် သူမက အရွယ်ရောက်တဲ့ မိန်းကလေးဖြစ်လို့လာပြီး မကြာခင် ၁၈ နှစ်ပင် ပြည့်ချေတော့မည်။

ယုကျင်းရွှမ်က လင်းမြောင်ကို အိမ်လိုက်ပို့ပေးပြီး သူမ လှေကားပေါ်တက်သွားတာမြင်မှ ပြန်ခဲ့လေတော့သည်။

နောက်တစ်နေ့တွင် လင်းမြောင် အိပ်ရာထကာ ပုံမှန်လေ့ကျင့်ခန်းလုပ်ရန်ထွက်ခဲ့တော့ ထင်သည့်အတိုင်း ကိုကိုက လှေကားအောက်မှာ စောင့်နေလေသည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now