(Unicode) Chapter 44 : ဒီမိန်းကလေးပဲ

4.3K 651 34
                                    

Unicode

တိရိစ္ဆာန်ရုံတွင် လူအလွန်စည်လှသည်။ လင်းမြောင်ရဲ့လက်ကိုကိုင်လျက် ကျားတွေပြထားသည့် နေရာသို့ သခင်လေးဦးတည်သွားလိုက်သည်။ လင်းမြောင်မှာ ကျားတွေအပေါ် ခင်မင်တွယ်တာ စိတ်ရှိတာကြောင့် ဒါက သူတို့ရဲ့ ပထမဦးစားပေးဖြစ်လာရသည်။

သူမပျော်နေတဲ့အချိန်ဆို ခုန်ပေါက်ပြီးသွားတတ်တာ ထုံးစံပင်ဖြစ်သည်။ ကလေးတစ်ယောက်လိုမျိုး သူမရဲ့ဝမ်းသာကြည်နူးနေသောနှလုံးသားက သူမကိုမြေပေါ်မှာ မြဲမြံစွာခြေလှမ်းဖို့ ခွင့်မပေးသယောင်။

သခင်လေးမှာ ခြေတံရှည်တွေရှိသည့်ကျေးဇူးကြောင့် ခုန်ပေါက်သွားနေတဲ့ လင်းမြောင်ရဲ့ဘေးမှာ တစ်လျှောက်လုံး လိုက်လာနိုင်လေသည်။

“ကျားတွေကို အဲ့လောက်တောင် သဘောကျတာလား?” သခင်လေးက မေးလာသည်။

လင်းမြောင် ခေါင်းငြိမ့်ပြလိုက်၏။

သူတို့အနားပတ်လည်တွင် ကလေးတွေများစွာရှိပြီး အမျိုးအစားစုံအောင်ပြသထားသည်များအား အသီးသီးကြည့်ရှုလေ့လာနေကြသည်။

သူတို့ ပြသထားသည့်နေရာသို့ ရောက်သွားပြီး ကျားတွေကိုမြင်လိုက်ရတဲ့အခိုက် လင်းမြောင်မျက်လုံးတို့ လက်သွားလေတော့သည်။ သတ်မှတ်ထားသည့်နေရာထဲက တခြားကလေးတွေလို စိတ်လှုပ်ရှားလျက် လက်ခုပ်အတူတီးဖို့ ထက်သန်နေလေတော့သည်။

တိုက်တိုက်ဆိုင်ဆိုင် လင်းယဲ့တို့အဖွဲ့ကလည်း ပြပွဲသို့ရောက်ရှိနေသည်။ စောစောစီးစီး လမ်းခွဲသွားလိုက်ရစေကာမူ သူတို့ရဲ့လမ်းတွေဟာ ဒီကြီးမားတဲ့ တိရစ္ဆာန်ရုံကြီးထဲတွင် တစ်ဖန်ပြန်ဆုံကြရပြန်သည်။

အလှလေးစုံတွဲဟာ လူအုပ်ကြီးထဲတွင်ထင်းထွက်လျက် သူတို့ရောက်ရှိလာသည်နှင့် လူတိုင်းရဲ့အာရုံကို ဖမ်းစားလိုက်နိုင်သည်။

လင်းယဲ့က သူ့ဘေးတွင်ရပ်နေသော မုချင်းချင်းကိုသဘောကျနေ၏။ သူမရဲ့မျက်လုံးတွေက ကျားတွေကို ကြည့်နေကြတဲ့ ထိုနှစ်ယောက်ထံရောက်နေသည်ကိုမြင်တော့ ယုကျင်းရွှမ်နဲ့ ပြန်စုဝေးမယ့် သူ့ရည်ရွယ်ချက်က တစ်မဟုတ်ချင်း ပျောက်ကွယ်သွားတော့သည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now