Chapter 102

4.6K 530 10
                                    

Unicode

ကိုယ်ဝန်ကိစ္စ

ယုကျင်းရွှမ်နဲ့မတူ လင်းမြောင်က တက္ကသိုလ်ကို စိတ်ဝင်စားသည့်အတွက်ကြောင့်နှင့်သာ တက်ခဲ့ခြင်းဖြစ်သည်။ သူမတို့ရွာမှာ ဒါကို အောင်မြင်မှုရဲ့ဝိသေသတစ်ခုလို့ ယူဆကြတဲ့အတွက်ကြောင့် ဖြစ်မည်ထင်သည်။

သူမရဲ့အိပ်မက်ကို ဖြည့်စွမ်းဖို့ တက္ကသိုလ်တက်တာ ဖြစ်သည်။

သမိုင်းမေဂျာယူဖို့ ဆုံးဖြတ်ခဲ့သည်။ သူမ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်တုန်းက သမိုင်းဘာသာရပ်က သူမ ပြန်အကြည့်ရဆုံးဖြစ်ခဲ့ပြီး စတင်သဘောကျလာခဲ့လေသည်။

ယုကျင်းရွှမ်ရဲ့ ဉာဏ်ရည်ထူးချွန်မှုနှင့်လိုက်ဖက်ညီစေဖို့ လင်းမြောင်က အမြဲတမ်း အားထုတ် ကြိုးပမ်း၏။ တက္ကသိုလ်တွင် အတန်းထဲမှာ သူမရဲ့အမှတ်တွေက ထူးထူးချွန်ချွန် မဟုတ်ပေမယ့်လည်း အတန့်အသင့် ကျေနပ်ဖွယ်ရာပင်။

အားလုံးပြီးဆုံးသွားတဲ့နောက် အခုတော့ လင်းထိန်နေသောစာသင်ခန်းကြီးထဲမှာ လူအများကြားတွင် ထိုင်နေရပြန်ကာ နောက်ဆုံးတော့ ပါမောက္ခရဲ့လက်ချာတွေကို သူမ နားလည်နိုင်သွားလေပြီ။

သူမရဲ့အားကစားပရိတ်သတ်များအတွက် ဒါကိုအနားယူသည်ဟု ခိုင်းနှိုင်းနိုင်ကြသည်။

လင်းမြောင်က ဒါတွေကို သိပ်ဂရုမစိုက်ပါဘူး။ သူမ တက္ကသိုလ် ပထမနှစ်တက်တော့ ယုကျင်းရွှမ်က အလုပ်စလုပ်နေလေပြီ။

သူမ ဘွဲ့ရတဲ့အခါ ယုကျင်းရွှမ်က လက်ထပ်ခွင့်တောင်းခဲ့သည်။ လင်းမြောင်ကလည်း တုံ့ဆိုင်းခြင်းမရှိဘဲ လက်ခံခဲ့သည်။ သူမတို့က ကျန်ရှိတဲ့ဘဝတစ်လျောက်လုံး အတူကုန်ဆုံးသွားကြမည်ဟု တွေးထားပြီးသားဖြစ်တာကြောင့် သိပ်များများတွေးရန်မလိုပေ။

သူမတို့ လက်ထပ်ပြီးတဲ့နောက်မှာလဲ သူမတို့ဆက်ဆံရေးက အတူတူလောက်သာဖြစ်သည်။ ပြောင်းလဲသွားတဲ့တစ်ခုကတော့ သူတို့တွေက နှင်းလျှောစီးစခန်းကို ထပ်သွားခဲ့ကြသာလျှင်ဖြစ်၏။

လင်းမြောင် နှင်းလျှောမစီးရဲသေး။ သူမရဲ့ဒူးခေါင်းက ပျောက်ကင်းသွားပြီဆိုပေမယ့် ထပ်ပြီး ဒဏ်ရာရခဲ့လျှင် သူမရဲ့ကျန်းမာရေးကို သိသိသာသာ သက်ရောက်မှုရှိစေနိုင်သည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now