(Zawgyi) Chapter 23: မွေးစားခြင်း

2.2K 144 2
                                    

Zawgyi

နှစ်ဖက်ရဲ့ တုံ့ပြန့်မှုဟာ လုံးဝခြားနားလို့နေသည်။ လူကြီးတွေအားလုံးဟာ စိတ်သက်သာရာရပြီး ဝမ်းသာမျက်ရည်တို့ကျနေကြသည်။ သခင်လေးရဲ့မိဘ တွေဟာဆိုရင် သခင်လေးကိုဝမ်းသာစွာဖြင့်ပွေ့ချီ၍ပင် ဖက်ထားသေး၏။

သခင်လေးလည်း ပျော်နေတယ်ဆိုပေမယ့် လူကြီးတွေလိုမျိုးတော့  ဝမ်းသာပြီးမငိုပေ။တကယ်တမ်းပြောရရင် မကောင်းတဲ့ဖြစ်ရပ်တချို့ကလွဲရင်  သူဒီမှာ ပိုပျော်ခဲ့ရသေးသည်။

အဖွားဟာ လင်းမြောင်ခေါင်းကိုပုတ်ရင်း မျက်ရည်တွေဝဲလျက်  “ဆွေ့ဆွေ့ အတွက် အရမ်းခက်ခဲခဲ့မှာပဲ”

အရင်ရက်အနည်းငယ်ဟာ  လင်းမြောင်အတွက် အဆင်ပြေတယ်လို့ခံစားရပေမယ့် စိတ်ခံစားချက်ပြင်းထန်နေကြတဲ့လူကြီးတွေကြောင့် သူမ ပြောစရာစကားမရှိဖြစ်ရသည်။ ဒါကြောင့် အဖွားကို  သူမ ဖက်ထားလိုက်၏။

လူကြီးတွေဟာ သူတို့ကိုပြန်ခေါ်သွားဖို့အသင့်ပါပင်။

သို့သော်ငြား လင်းမြောင်နဲ့ သခင်လေးကတော့ ခွေးလေးတွေအတွက် စဉ်းစားနေရသည်။

အပြင်မှာ မိုးကရွာနေပြီး တဟောင်ကလည်းမနက်စောစောက ကလေးနှစ်ကောင် မွေးထားရသေးသည်။သို့ဖြစ်၍ တဟောင်နဲ့ကလေးတွေကို အဝတ်တစ်ခုခုနဲ့ပတ်ပြီး ဂူပြင်ကိုထုတ်သွားတာက အကောင်းဆုံးဟုတွေးမိကြသည်။

ဒါပေမယ့် တဟောင်က တခြားသူတွေကို ရန်မူနေလေသည်။သူ့ကိုသယ်ဖို့မပြောနဲ့ သူ့နားကို တစ်ယောက်မှအကပ်မခံ။

လူကြီးနှစ်ယောက်ဟာ ဝမ်းသာလျက် နှာတရှုံ့ရှုံ့ဖြစ်နေကြစဉ် သခင်လေးနဲ့ လင်းမြောင်ဟာ သက်တော်စောင့်တွေဆီက ကုတ်အင်္ကျီတစ်ထည်ငှားပြီး  တဟောင်နဲ့ ခွေးပေါက်လေးတွေကို ပတ်လိုက်၏။

“တဟောင် လိမ်လိမ်မာမာနေ”  လင်းမြောင်သူ့ကိုချော့လိုက်ကာ “ငါတို့အိမ်ပြန်ရောက်တာနဲ့ နင့်အတွက် စားကောင်းတာတစ်ခုခုပေးမယ်နော်”

လင်းမြောင်လည်းပဲ ဗိုက်ဆာနေလေသည်။ရှေ့ရက်တွေမှာ ကန်စွန်းဥပြီးတော့ ကန်စွန်းဥတွေသာ ထပ်ခါတလဲလဲ အများဆုံးစားခဲ့ရသည်မလို့ “စားကောင်းတာတစ်ခုခု”လို့ ပြောလိုက်တဲ့နေရာမှာ မထိန်းနိုင်မသိမ်းနိုင် တံတွေးမြိုချမိသွားလေသည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now