(Unicode) Chapter 15:ကိုကို ဆေးရုံတင်ရတယ်

5K 731 4
                                    

Unicode

အပြင်ဘက် ကောင်းကင်ဟာ အုံ့မှိုင်းနေလျက် မုန်တိုင်းလာတော့မလိုပါပင်။ အိမ်တော်မှာ ရှိတဲ့သူတွေဟာ လင်းမြောင်လိုပဲ စိတ်ပူပန်လျက် သခင်လေးကို အခန်းထဲမှာ ပြုစုနေကြသည်။

သခင်လေးရဲ့အဖေဟာလည်း သခင်လေးကိုကြည့်ဖို့ နေလယ်တုန်းက ပြန်ရောက်လာလေသည်။

“ဘယ်လိုလုပ်ပြီး ရေကျောက်ပေါက်ရတာလဲ။ သူကာကွယ်ဆေးထိုးထားပြီးသားမဟုတ်လား” သူကဆရာဝန်ကို မေးလာလေသည်။

အဖွား သည်းမခံနိုင်တော့ဘဲ
“ဒါအဖေ တစ်ယောက်ပြုမှုရမယ့် ပုံစံလား”

ဆရာဝန်မှာ နေရခက်လျက် ချောင်းဟန့်လိုက်၏။
“သခင်လေးက Neomycin နဲ့ ဓာတ်မတည့်လို့ ရေကျောက် ကာကွယ်ဆေးရော အဖျားပျောက်ဆေးပါ ထိုးလို့မရပါဘူး”

သူ့အဖေရဲ့ မျက်နှာဟာပျက်ယွင်းသွားလျက်
“ဟုတ်သား ငါမေ့သွားတာပဲ ၊ အခုဘာလုပ်ကြမလဲ”

“လက္ခဏာတွေ သိပ်မပြောင်းလဲရင်တော့ အဆင်ပြေပါတယ်”
ဆရာဝန်ရဲ့ မျက်ခုံးတို့ ကျုံ့သွား၏။

အဖေဖြစ်သူမှာ သူ့သားကိုကြည့်လိုက်၏။ သူ့ကိုယ်တိုင်အာမ မခံနိုင်တဲ့ကိစ္စဖြစ်တာကြောင့် သခင်လေးကို ဆေးရုံတင်ဖို့သာဆုံးဖြတ်လိုက်သည်။

သခင်လေးမှာ မျက်မှောင်ကုတ်ထားပြီး
“အဲ့ကိုမသွားချင်ဘူး၊ အိမ်မှာလည်း ပစ္စည်းတွေမရှိတာလည်း မဟုတ်ဘဲနဲ့”

“တိတ်တော့” သခင်လေးအဖေဟာ သူ့ခေါင်းကို ပုတ်ရင်း
“ဆေးရုံက ပိုပစ္စည်းစုံတယ်၊ သူနာပြုတွေကလည်း ပိုကျွမ်းကျင်ကြတယ်”

လင်းမြောင် ဘေးနားကသာ နားထောင်လို့နေသည်။ လူကြီးတွေ စကားပြောနေကြတာကြောင့် သူမ ဝင်ပြောပိုင်ခွင့်မရှိပါချေ။

မကြာမီမှာပဲ သခင်လေးကို ခေါ်ဖို့ကားရောက်လာ၏။
လင်းမြောင်လည်း ကားပေါ်လိုက်သွားချင်ပေမယ့်် အိမ်တော်ထိန်းကြီးက တားထားလေသည်။
“သူတို့တွေ နဲနဲအလုပ်များနေကြတယ် နင်ကအိမ်မှာနေပြီး သခင်လေးပြန်လာတာကို စောင့်နေ”

လင်းမြောင် ဝမ်းနည်းသွားရပါ၏။ သူမ အိမ်မှာနေပြီး မစောင့်နေချင်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now