(Unicode) Chapter 16: စိုးမိုးခြယ်လှယ်တတ်တဲ့ သခင်လေး

5K 776 6
                                    

Unicode

ဆေးရုံက လေဝင်လေထွက်ကောင်း၏။ သခင်လေးရဲ့ အခန်းဟာ ၁၅ လွှာမှာ ဖြစ်တာကြောင့် အလွန်ပင် တိတ်ဆိတ်လေသည်။
လင်းမြောင် စာရွက်တစ်ရွက် ထုတ်ပြီး သူမကိုကိုအတွက် ကြိုးစားပန်းစား ယပ်ခပ်ပေးလို့နေသည်။

ယပ်တောင်က အရမ်းကြီး လေမရပေမယ့် သခင်လေးရဲ့ နှလုံးသားထဲက အထီးကျန်ဆန်မှုတွေ လွင့်မြောသွားစေဖို့ လုံလောက်ပါ၏၊

သူမရဲ့ ချွေးလေးတွေကို သုတ်ပေးလိုက်ပြီး
“ အိပ်တော့ မနက်ဖြန်စောစော မနက်စာစားဖို့ ထရအုန်းမယ်လေ”

“ကိုကို အရင်အိပ် ၊ ငါက နေ့ဘက်မှာ နားလို့ရတယ်”

သူမ အမှောင်ထဲကနေ ပြောလိုက်သည်။
“အခုကစပြီး နေ့ဘက်မှာ အိပ်ပြီး ညဘက်မှာ ကိုကို့ အတွက်ယပ်ခက်ပေးမယ် ၊ အိပ်တော့နော် ကိုကို”

သခင်လေးဟာ အမှောင်ထဲက သူမ မျက်လုံးလေးတွေကို ကြည့်လိုက်ရင်း ထိုအထဲမှာ သူတစ်ကိုယ်တည်းသာရှိလေသည်။

ဖြူစင်ပြီး လှပလျက်…

သူမအပေါ် သူကောင်းသထက်​ကောင်းပေးဖို့ ကြိုးစားရမည်။

“မင်းလည်းပဲ အိပ်တော့” သခင်လေးကပြန်ပြောလိုက်သည်။ “ငါအခု အိပ်လို့ရသွားပြီ”

လင်းမြောင် လူနာစောင့် အိပ်ရာပေါ်မှာ လှဲလိုက်ပြီး သခင်လေးကို ယပ်ခပ်ပေးဖို့ လက်ကို ဆန့်ထုတ်ထား၏။ သို့ပေမယ့် အိပ်ရာက အရမ်းဝေးနေတာကြောင့် သူမအိပ်ရာကနေ ထလိုက်ပြီး သခင်လေးနား တွန်းသွားကာ ပြန်တက်လိုက်သည်။ နောက်ဆုံးတော့ စိတ်တိုင်းကျသွားပြီး ယပ်တောင် ဆက်ခပ်တော့၏။

ဆရာဝန်က မနက်ပိုင်းစစ်ဆေးဖို့ လာချိန်မှာတော့ အိပ်ရာနှစ်ခု အတူတူဖြစ်နေတာကို တွေ့လိုက်ရလေသည်။အိပ်ရာပေါ်မှာ လင်းမြောင်က နစ်နှစ်ခြိုက်ခြိုက်အိပ်လို့နေသည်။

ထိုအချိန်တွင် အိမ်တော်မှာလည်း သူမ မရှိတာကို သတိထားမိသွားကြသည်။

တခြားပုံမှန်နေ့တွေဆို လင်းမြောင်က ၇နှစ်နာရီဝန်းကျင်ဆို ထတတ်ပြီး ဒါပေမယ့် ဒီတစ်ချိန်တော့ ၇နှစ်နာရီခွဲအထိပေါ်မလာသေး။ကလေး နှစ်ယောက်က သံယောဇဉ်ရှိကြတာကို အမှတ်ရမိတာကြောင့် အဖွားဟာ အပေါ်တက်ပြီး လင်းမြောင်ကို ချော့ဖို့သွားပေမယ့် စောင်အောက်က ခေါင်းအုံးကိုသာတွေ့လိုက်ရလေသည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now