(Unicode) Chapter 51 : ကိုကို့ဓာတ်ပုံကပ်မယ်

4.1K 586 38
                                    

Unicode

အရင်တုန်းက  လင်းမြောင် ကိုကို့ကို ချောတယ်လို့တွေးမိတိုင်း သူမကြိုက်သလောက် သူ့ကို ကြည့်တတ်သည်။

အခုတော့ သူမကိုကိုက အရမ်းကိုချောနေတုန်းပဲဆိုပေမယ့် သူမ သူ့ကိုကြည့်ဖိုရာ အလွန်ပင်ရှက်နေ ချေသည်။

လင်းမြောင် ဆက်ပြီးလျှောက်သွားနေပေမယ့် သူမစိတ်ထဲတွင် သူ့ကိုကြည့်ရမလား မကြည့်ရ ဘူးလားဆိုပြီး ဝေခွဲမရဖြစ်နေလေသည်။

မနက်စောစောဖြစ်သည်မလို့ လမ်းအတော်ရှင်းနေသည်။ လင်းမြောင်ကို သူမဇာတိရွာမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ မေးကြည့်ဖို့ သခင်လေးသတိရသွားချေသည်။

လင်းမြောင်က ရှောင်လင်းရဲ့နောက်ခံဇာတ်လမ်းနှင့် လက်ထပ်မည့်ကိစ္စတွေကို ဖယ်ချန်ကာ ပြောပြလိုက်သည်။ သူမ ပြောပြသည်က သူမသူငယ်ချင်းဟာ မြို့မှာ သူမနှင့်အတူလာနေတယ် ဆိုပြီးတော့သာလျှင်။

ရှုပ်ထွေးပွေလီသော ဇာတ်ကြောင်းကိုမသိဘဲ သခင်လေးတစ်ယောက် ဝမ်းနည်းသွားရ၏။ “…” ဒါပေါ့ သူငယ်ချင်းတွေက သူ့ထက်ပိုအရေးကြီးမှာပါလေ။

လင်းမြောင်က သခင်လေးရဲ့ဆယ်ကျော်သက် နှလုံးသားလေးကိုသတိမထားမိ။ သူမထပ်ပေါင်း ပြောလိုက်သည်က “ကိုကို ငါတို့ လက်မထပ်ဘူးလို့ကတိပေးထားပြီးသားနော်၊ နောက်ကျရင် အိမ်အကြီးကြီး ဝယ်နိုင်အောင်  ပိုက်ဆံရှာမယ်ပြီးရင် ကိုကိုက ငါနဲ့အဲ့အိမ်မှာအတူလာနေ”

သခင်လေးရဲ့နှလုံးသားလေးဟာ ရွစိရွစိဖြစ်လာရသည်။ခေါင်းကိုနည်းနည်းလေးငုံ့ပြီး လင်းမြောင်ကိုကြည့်လာပြီး “အင်း”

ရွာပြန်ခရီးပြီးဆုံးသွားတဲ့နောက ကိုကိုနှင့် သူမ သဘောထားချင်းတူညီသွားလေပြီ။ တစ်ယောက်ထဲနေတာကသာ အကောင်းဆုံးပဲ။

လင်းမြောင် ကိုကိုအား ရှောင်လင်းကို ကူညီစောင့်ရှောက်ပေးဖို့ မတောင်းဆိုခဲ့လေဘူး။ သူမအရင်တုန်းက တွေ့ဖူးသမျှ မိန်းကလေးတိုင်းကို ကိုကိုက ငြင်းဆန်တတ်လေ့ရှိတာ ထည့်စဉ်းစားကြည့်ရင် ကိုကိုက အရမ်းအလုပ်ရှုပ်တဲ့သူမှန်း သူမသိလေသည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now