Chapter 81

3.8K 551 12
                                    

Unicode

လေ့ကျင့်ရမယ်

ထျန်ကျင်းက လင်းမြောင်တို့ကုတ်အင်္ကျီတွေဘေးနားမှာ အနားယူနေရင်း လင်းမြောင်နဲ့ ယုကျင်းရွှမ် ကြက်တောင်ရိုက်နေကြတာကိုကြည့်နေလေသည်။

ဒါပေါ့ ယုကျင်းရွှမ်က ဘယ်လောက်ပဲတော်နေနေ လင်းမြောင်က ဖိနှိပ်ထားနိုင်မှာပဲဆိုတာ သူမ ရင်ထဲကကိုသိသည်။ ဒီအတွက် သံသယဖြစ်ဖွယ်မရှိ။

ဒါပေမယ့်…ကိုကြီးဆွေ့က အရမ်းရက်စက်လိမ့်မယ်လို့တော့ လုံးဝမထင်ခဲ့ဘူး…

ကိုကြီးဆွေ့ကစားနေတာက ပြိုင်ပွဲမှာ ပြိုင်နေသလိုမျိုး။ ထျန်ကျင်းဆိုလျှင် အားကစားသမား မဟုတ်သူများနဲ့ ကစားတဲ့အခါ ပုံမှန်အားဖြင့် သာမာန်ကာလျှံကာသာ ကစားလေ့ရှိသည်။ ထို့ကြောင့် ကိုကြီးဆွေ့သည်လည်းပဲ ထို့နည်းတူကစားလိမ့်မည်…ဒါမှမဟုတ် အနည်းဆုံးတော့ ယုကျင်းရွှမ် မြန်မြန်မရှုံးအောင် ကစားပေးလိမ့်မယ်လို့ ထင်ထားခဲ့သည်။

ထျန်ကျင်းတစ်ယောက်မှာတော့ ပါးစပ်အဟောင်းသားနှင့်…

ဒါကအံ့ဩနေတာပါ။ လွန်ခဲ့တဲ့စက္ကန့်ပိုင်းလောက်က နှစ်ယောက်သား တစ်တီတူး ချစ်ကြည်နူး နေခဲ့ကြတာလေ။ ဒီလိုလုပ်ပုံနဲ့ သူတို့အတွဲ ကြာကြာခံပါ့မလား?

ထျန်ကျင်းက အနည်းငယ် မျက်ခုံးလှုပ်နေသည်။ သူမနဲ့အမြဲ အဆက်အဆံလုပ်သည့် ယောက်ျားဆိုသည်က သူမရဲ့အဖေ…ကွာရှင်းထားတဲ့အဖေနှင့် အသင်းဖော်များသာဖြစ်ကြ သည်မလို့ပင်။

မသက်မညှာကစားနေတဲ့ လင်းမြောင်ကို ထျန်ကျင်းကြည့်မိလိုက်တော့ သူမက ပြုံးနေလေသည်။ ပြိုင်ပွဲမှာ ကစားနေတာထက်တောင် သူမ တကယ်ကြီး ပိုပျော်နေတာ။ ကွင်းတစ်ဖက်က ယုကျင်းရွှမ်ဟာတော့ ဂိမ်းထဲတွင်သာ အာရုံစိုက်လို့ထားသည်။

လင်းမြောင်ရဲ့ရိုက်ချက်တွေကို ယုကျင်းရွှမ်ခုခံနေစဉ် ထျန်ကျင်း သတိထားလိုက်မိသည်က သူ့ခြေတံတွေက အရမ်းရှည်ပြီး ခါးက သွယ်သွယ်လေး။ မိန်းကလေးတွေအများကြီး သူ့ကိုကြိုက်ကြတာ မဆန်းတော့ပါဘူး။ သူကြက်တောင်သိပ်မရိုက်တတ်တာ ဆိုးလိုက်တာ…

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now