(Unicode) Chapter 13: သန်းခေါင်ယံစွန့်စားခရီး

5K 752 6
                                    

Unicode

သူမအခန်းကိုပြန်ရောက်တော့ လင်းမြောင်စိတ်ငြိမ်အောင် မနည်းကြိုးစားနေရသည်။
သူမက စိတ်ထဲမှာ တစ်ခုခုရှိနေရင် အိပ်လို့မပျော်နိုင်တဲ့ လူစားတစ်မျိုးပင်။

ထို့ကြောင့် လင်းမြောင် အောက်ထပ်သို့ ညဘက်ကြီး တိတ်တိတ်လေးဆင်းသွားမိ၏။

ဧည့်ခန်းတွင်း မှောင်မဲကာ ဟင်းလင်းဖြစ်လျက်…

လင်းမြောင်လှေကားပေါ်သို့ မြန်မြန်ပြေးတက်လိုက်သည်။ သရဲပုံပြင်တွေက သူမခေါင်းအတွင်း နေရာယူလို့လာချေပြီ။ကလေးစားတဲ့ သရဲ ပုံပြင်ပေါင်းစုံကို ပြန်သတိရလို့လာနေပြီး အောက်ထပ်ကြမ်းပြင်တစ်ခုလုံးဟာ သရဲတွေဖြင့်ပြည့်နေကာ သူမကိုစိုက်ကြည့်နေသလိုမျိုး ခံစားလာရလေသည်။

ရုတ်တရက် လက်ဖြူဖြူဖွေးဖွေးဟာ သူမနောက်ကနေထွက်ပေါ်လို့လာ၏။

ကြောက်လန့်လျက်၊ လင်းမြောင်ဘေးက လှေကားလက်ရန်းကိုကိုင်ကာ မျက်လုံးစုံမှိတ် လျက်
“ငါ့ကိုမစားနဲ့…မစားပါနဲ့…ငါက စားလို့မကောင်းဘူး…”

သခင်လေးမှာ  မြင်မြင်ချင်းချင်းမှာတင် ရယ်မိတော့သည်။
“ဆွေ့ဆွေ့ ငါပါဟ။ငါမင်းကိုမစားပါဘူး”

လင်းမြောင် မျက်လုံးဖွင့်ကြည့်လိုက်မိတော့ သခင်လေးရဲ့ လှပတဲ့ မျက်လုံးတွေနဲ့ မျက်ခုံးတစ်စုံ ကိုတွေ့ လိုက်ရ၏။အသက်ရှုထုတ်လိုက်ရင်း သူမတိုးတိုးလေးဆိုလာသည်။
“ကိုကို ကြောင့်ငါသေလောက်အောင်ကြောက်သွားတာပဲ၊ ဘာလို့မအိပ်သေးတာလဲ?”

သခင်လေးကလည်း လင်းမြောင်လိုပဲ တိုးတိုးလေးပြန်ပြောလိုက်သည်။
“ငါကအခုလေးတင်နိုးလာတာ မင်းဘာလုပ်နေတာလဲ?”
“စာအုပ်သွားပြန်ကောက်မလို့၊  စာအုပ်ပြန်မရမချင်း စိတ်ငြိမ်မှာမဟုတ်ဘူး”
“ငါမင်းနဲ့လိုက်ခဲ့မယ်” သခင်လေးကဆိုလာချေသည်။

မီးအလင်းမရှိဘဲ လရောင်သာရှိတာကြောင့် ငြိမ်သက်နေတဲ့ အိမ်တော်ကြီးက နဲနဲကျောချမ်းစရာကောင်းနေ၏။

ကလေးနှစ်ယာက်ဟာ လက်တွေတွဲထားလျက် လှေကားကနေဆင်းလာကာ အရှေ့တံခါးကိုဖွင့်ဖို့ လုပ်လေသည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now