(Unicode)Chapter 42 : အရိုးသားဆုံး ချန်ပီယံ

4.2K 647 30
                                    

Unicode

လင်းမြောင် သူမ ဖိုင်နယ်အဆင့်ထိ ဖြတ်ကျော်လာနိုင်ခဲ့တာကို အလွန်အံ့အားသင့်နေမိသည်။ ကြက်တောင်ကို ရှေ့ပြန်နောက်ပြန်သာရိုက်ရင်း နောက်တွင် ဖိုင်နယ်သို့ ရောက်ရှိသွားရသည်။

သူမရဲ့နည်းပြကြီးက ပြိုင်ပွဲတစ်လျှောက်လုံး ကြက်တောင်ရိုက်တဲ့အခါ နောက်ပြန်ခုန်မရိုက်မိစေဖို့ သတိပေးထားသည်။ ဒါဟာ အန္တရာယ်များရုံတင်မကပဲ နောက်တစ်ချက်ပြန်ဆယ်ရိုက်ဖို့အတွက် အလွန်ပင် ခက်ခဲစေနိုင်လေသည်။

သို့သော်လည်း သူမရဲ့ပြုင်ဖက်ကို တွေ့ရချိန်မှာတော့ နည်းပြကြီး၏အကြံအတိုင်း လိုက်လုပ်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ သူမသိလိုက်ရသည်။သူမရဲ့ပြိုင်ဘက်မှာ အရပ်ငါးပေခုနှစ်လက်မ အသားဖြူဖြူမိန်းကလေး တစ်ယောက်ပင်ဖြစ်သည်။

အချိန်တစ်ခဏလေးအတွင်း လင်းမြောင်ရဲ့စိတ်ထဲမှာ အတွေးတွေဖြတ်ပြေးလို့သွားရကာ သူမရဲ့ပြိုင်ဘက်အား ခဏခဏမကြည့်ပဲ မနေနိုင်ပါချေ။သူမက အရမ်းလှပြီး အသားအရေ ကြည်လင်လှ၏။ရွေရောင်ဆံပင်လေးဖြင့် အလွန်ပင်ထူးခြားလှပလေသည်။

သူမနဲ့ပြိုင်ပွဲမတိုင်ခင်က တခြားသူတွေယှဉ်ပြိုင်နေမှုအား တိုက်ရိုက်ထုတ်လွှင့်သည်ကို လင်းမြောင်  ကြည့်ခဲ့၏။ သူမရဲ့ပြိုင်ဘက်ယှဉ်ပြိုင်နေတုန်းက သူမအကြည့်တွေက သူ့အပေါ်တွင်သာ တစ်ချိန်လုံး စွဲကပ်နေခဲ့သည်။ ရွှေရောင်ဆံနွယ်၊ မိုးပြာရောင်မျက်လုံး၊ ဖြူဖွေးဖွေးမျက်နှာ အကုန်လုံးဟာ အရမ်းပဲ လှသည်။

မျက်နှာချင်းဆိုင်မြင်ရတော့ သူမသည် ပို၍ပင်လှလွန်း၏။

သို့သော်ငြား လင်းမြောင်သည် သူမပြိုင်ဘက်ရဲ့ကစားပုံကစားနည်းကို မှတ်သားထားဖို့ သတိရနေစဲ။

သူမပြိုင်ဘက်ရဲ့ဆောင်ရွက်ပုံတွေကို အတော်လေး သဘောကျပေမယ့် သူမ စိတ်မလှုပ်ရှားမိလေဘူး။

ပြိုင်ပွဲစတင်လိုက်ချင်းချင်း ပွဲ့ကြည့်စင်မှ မိန်းကလေး တစ်ယောက် အော်သံကိုကြားလိုက်ရသည်။ သူမအသံက စူးရှလို့နေကာ သူမရဲ့စိတ်လှုပ်ရှားမှုကြောင့် ဖြစ်မည်ထင် “လုပ်ထား လင်းမြောင်!”

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now