(Unicode)Chapter 19: အကျဉ်းချထားခံရခြင်း

4.8K 656 16
                                    

Unicode

လေထုကဆိုးဝါးနေပေမယ့် ယုကျင်းရွှမ် အသိလွတ်သွားလို့မဖြစ်။

ပြန်ပေးသမားတွေက သူတို့မျက်လုံးကို မအုပ်ထားတာကြောင့်ကော မြို့ပြင်ကိုဦးတည်နေတယ်ဆိုတာကြောင့်ပါသူပိုပြီးပူပန်နေရသည်။

သူတို့မျက်လုံးတွေကို မအုပ်ပေးထားတာက ထိုလူတွေက မျက်နှာဖုံးစွပ်ထားလို့ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူတို့ကားမောင်းနေစဉ်မှာတော့ စွပ်ထားနိုင်ဖွယ်ရာမရှိ။

နောက်ပြီး သူတို့ဟာမြို့ကနေအကွာအဝေးတစ်ခုမှာ ပြင်ဆင်ထားတာဖြစ်လောက်ပြီး မြို့ကနေထွက်လာနေပြီးလောက်ပြီ။ အထူးသဖြင့် ရဲတွေဆီက ပုန်းရှောင်နိုင်ဖို့ဖြစ်ပေမယ့်လည်း သူနဲ့ လင်းမြောင်ကို ခေါ်ထုတ်သွားဖို့ ခက်ခဲနိုင်သည်။

ခြုံငုံကြည့်ရင် သူတို့ကိုအရှင်ထားဖို့ စီစဉ်ထားပုံမပေါ်။

ယုကျင်းရွှမ် ဆွေ့ဆွေ့ကို ကြည့်လိုက်၏။ သူမ မျက်နှာမှာ ချွေးသီးချွေးပေါက်လေးတွေ များစွာကျဆင်းလို့နေပြီး နဖူးမှာ ဆံမြိတ်တို့ကပ်လို့နေကာ သူတို့ပထမဆုံးစတွေ့တဲ့အချိန်က လိုမျိုးပါပင်။

သူမဟာ ကျန်းမာသန်းစွမ်းလို့နေကာ တောက်ပတဲ့ အနာဂါတ် သူမဆီမှာ ရှိနိုင်လိမ့်မည်ဟု အရင်တုန်းက သူတွေးခဲ့၏။

သူမအပေါ် မကောင်းခဲ့တာ သူသာလျှင်ဖြစ်သည်။ သူ့အတွက်သာမဟုတ်ရင် ဆွေ့ဆွေ့ဟာ သူမ အိမ်မှာသာ မိဘတွေနဲ့အတူရှိနေရမှာဖြစ်သည်။

ကားဟာ လမ်းကြမ်းကြမ်းကို မောင်းသွားရဟန်တူတာကြောင့် ကားဆောင့်လာချေသည်။ ဒါကြောင့် ကြိုးဖြေဖို့ ခက်လို့နေလေသည်။

လင်းမြောင့် သူမရဲ့ကိုကို ခေါင်းဆောင့်မိမှာ စိုးတာကြောင့် သူမကိုယ်နဲ့အကောင်းဆုံး ကာကွယ်လို့ပေးထား၏။

တော်သေးတာက ခဏအကြာမှာကားရပ်သွားလေလို့။

သခင်လေးက လင်းမြောင်ကို မျက်လုံးပိတ်ဖို့ အချက်ပြလိုက်သည်။

သူကိုယ်တိုင်လည်း မျက်လုံးပိတ်ထားလိုက်ပြီး လင်းမြောင်ကို သူ့နဖူးနဲ့ ထိကပ်ထားလိုက်၏။
လင်းမြောင် သူ့အတိုင်း အမြန်ပဲ မျက်လုံးပိတ်လိုက်တော့သည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now