Chapter 79

4K 581 23
                                    

Unicode

သရုပ်ဆောင်မလုပ်ပါနဲ့

အနှီပုဂ္ဂိုလ်နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် မလွှတ်ပေးချင်ကြ။ လက်ကိုင်ဖူးတာ  ပထမဆုံးအကြိမ်မဟုတ်သလို အသက် ၁၄နှစ်မပြည့်ခင်အချိန်အထိတော့ လုံးဝသာမာန်ကိစ္စသာလျှင် ဖြစ်ခဲ့သည်။လက်ကိုင်ရုံဖြင့် နှလုံးခုန်သံတွေ မြန်ဆန်မလာတတ်သေး။

သို့သော်ငြား အခုတော့ ဒီသာမာန်အပြုအမူလေးကတောင် လင်းမြောင် ဦးနှောက်တစ်ခုလုံးကို သိမ်းပိုက်စိုးမိုးထားသည်။ စဉ်းစားနိုင်တာ မှန်သမျှက သူမရဲ့လက်ကို ဆုပ်ကိုင်ထားတဲ့ ယုကျင်းရွှမ်လက်မှ အထိအတွေ့တစ်ခုကိုသာ လျှင်ဖြစ်သည်။

ရုတ်တရက် သူမတို့ အိမ်နီးချင်းတစ်ယောက် ခွေးကျောင်းထွက်ဖို့ ဖြတ်လျှောက်လာသည်။ လင်းမြောင် အသင့်အနေထားဖြစ်လို့သွားပြီး ကြောက်၍ပင်လာသည်။ ဒါပေမယ့်…သူမရဲ့လက်ကို ပြန်ရုတ်လိုက်လျှင် ပိုပြီးတော့တောင် ကြောင်တောင်တောင်နိုင်သွားလိမ့်မည်။

လင်းမြောင်ရဲ့ အိမ်နီးချင်းက သူမကိုမြင်တော့ ပြုံးပြုံးရွှင်ရွှင်ဖြင့် လက်ဝှေ့ယမ်းပြလာသည်။

လင်းမြောင်လည်း ပါးလေးတွေနီနီရဲလို့သာ ပြန်ဝှေ့ယမ်းပြလိုက်သည်။ ယုကျင်းရွှမ်ကလည်း သူမနှင့်အတူ လက်ဝှေ့ယမ်းပြလာသည်။

အိမ်နီးချင်းက သူမတို့ကို ဖြတ်လျှောက်သွားပြီ ဖြစ်သော်ငြား လင်းမြောင်မျက်နှာလေးက နီမြန်းနေဆဲဖြစ်သည်။

သူမ ဘာပြောရမှန်း မသိနေ။

အရင်တုန်းက သူမတို့နှစ်ယောက်ကြား ပြောစရာစကားတွေက မကုန်နိုင်အောင်များလှပါသော်လည်း အခုတော့ သူမပြောစရာမဲ့နေသည်။ သူမတွေးနိုင်သမျှအရာအားလုံးက ယုကျင်းရွှမ်သာလျှင်ဖြစ်၏။

နှစ်ယောက်စလုံးအတွက် ရည်းစားထားတာက ပထမအဆုံးကြိမ်ပင်။ ယုကျင်းရွှမ်သည်လည်းပဲ အနည်းငယ် ရင်ဖိုနေသည်။ ဒါပေမယ့် လင်းမြောင်က အတော်လေးစိတ်အိုက်နေတာမြင်ရတော့ သူအနည်းငယ်စိတ်ပေါ့ပါးသွားရသည့်နှယ်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now