Chapter 95

3.9K 545 16
                                    

Unicode

နင့်အပေါ်ဘယ်လိုကောင်းတာလဲ

နှစ်သစ်ကူးက လင်းမြောင်အတွက် အရှည်​ကြာဆုံး ပိတ်ရက်ဖြစ်သည်။ ရက်အများစုက စာလေ့လာဖို့နှင့် ထရိန်နင်အတွက်သာ ကုန်ဆုံးနေစေကာမူ သူမနှင့်ကိုကိုတို့ အတူရှိနေနိုင်တဲ့ အချိန်လေးလည်း ဖြစ်၏။

သူတို့နှစ်ယောက်လုံးက တစ်ဖက်လူကို တောင်းဆိုချက်ကြီးကြီးမပြု။ စာအတူလေ့လာ၊ ကြက်တောင်အတူရိုက်ကြရုံဖြင့် ရိုးရှင်းစွာပျော်မွေ့တတ်လေသည်။

ထျန်ကျင်းက နောက်ရက်အနည်းငယ်လောက် သူမရဲ့အဖွားထံသွားလည်မည်ဖြစ်ပြီး လင်းမြောင်နှင့် လေ့ကျင့်ဖို့ရာမဖြစ်နိုင်တော့။ ဤသို့ဖြင့်  ယုကျင်းရွှမ်က လင်းမြောင်ရဲ့ ပြိုင်ဘက်ဖြစ်လာရသည်။

လင်းမြောင်က သူ့ကို အချိန်နဲ့အမျှ သင်တောင်သင်ပေးနေလိုက်သေးသည်။ အလွန်ပင် ငြိမ်းငြိမ်းချမ်းချမ်းရှိလှ၏။

သူတို့စာကြည့်တိုက်မှာပဲရှိရှိ အားကစားရုံမှာပဲရှိရှိ လင်းမြောင်နှင့် ယုကျင်းရွှမ်တို့ရဲ့ ပရိတ်သတ်များက ဓာတ်ပုံခိုးရိုက်သွားတတ်သည်။ ဒါပေမယ့် သူ့တို့ဆီ မျက်နှာပြပြီး နှောင့်ယှက် တာမျိုးတော့မလုပ်ကြပေ။

သူမတို့အချစ်ရေးက ကောင်းမွန်သည့်ခွန်အားတွေ အပြည့်အမောက် ဖြည့်တင်းပေးနေသည်ဟု ပင်ဆိုနိုင်သည်။ အတူတူ စာကြည့်တာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းအတူတူလုပ်ကြတာပဲဖြစ်ဖြစ်ပေါ့။ အပြုသဘောမဆောင်တဲ့အရာမျိုးကို သူတို့မလုပ်တတ်ကြဘူးပေလော?

လင်းမြောင်ရဲ့အချစ်ရေးက သူမရဲ့ပြိုင်ပွဲတွေကြောင့်နှင့် ပျက်ပြားသွားမှာ စိုးရိမ်နေကြသူ ပရိတ်သတ်များမှာလည်း စိတ်သက်သာသွားကြတော့သည်။

ရှောင်လင်းက နှစ်သစ်ကူးပွဲတော်မတိုင်ခင် ရက်အနည်းငယ်အလိုမှပြန်ရောက်လာခဲ့ပြီး နောက်တွင် ရှောင်လင်းသည်လည်း ရည်းစားရနေပြီဆိုတာ လင်းမြောင် သိလိုက်ရသည်။

ဒါပေမယ့် လင်းမြောင်အမေ သိပ်မကြည်ပါချေ။ ရှောင်လင်းရဲ့ကောင်လေးက ၂၉နှစ်တောင်ရှိနေလေပြီ။ သူကကွာရှင်းထားပြီး ၄နှစ်အရွယ် သားတစ်ယောက်ပင်ရှိ၏။ ရှောင်လင်းက ကလေးစောင့်ရှောက်ရေး စင်တာမှာအလုပ်လုပ်ရင်း သူမတို့နှစ်ယောက်သိခဲ့ကြရသည်။ ရှောင်လင်းက သူ့သားကို ဂရုစိုက်ရသဖြင့် နှစ်ယောက်သား အလျှင်အမြန် သိကျွမ်းလာခဲ့ကြလေသည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now