Chapter 90

4K 507 8
                                    

Unicode

နှစ်ယောက်တည်းကမ္ဘာ

ကေဘယ်စီးလာတဲ့ တစ်လျှောက်လုံး လင်းမြောင်ရဲ့ စိတ်လှုပ်ရှားမှုက တည်မြဲနေသည်။ ခပ်မြင့်မြင့်သို့ ရောက်လာလေလေ ရှုခင်းတွေက ပိုပိုကာ ခမ်းနားကြီးကျယ်လာရလေပင်။

“ကျိုင်းကောင်လေးသာ ဖြစ်မယ်ဆို သေးငယ်သည်က သမုဒ္ဒရာထဲက ဆန်စေ့ပမာ”

(ရှေးစာပေ 赤壁赋  ထဲက စာသားပါ လင်းမြောင်ပြောလိုက်တာ မြောက်ပိုင်းစုန့်မင်းဆက်က စာရေးဆရာ စုရှီရေးတာပါတဲ့)

ထိုစာကြောင်းကို အခုတော့ သူမ ခံစားတတ်ခဲ့ပြီ။ယခုဤမြင်ကွင်းနှင့် အလွန်ပင် အံကိုက်ဖြစ်လှသည်။

ယုကျင်းရွှမ် သူမကို အနောက်ကနေ အလိုလိုဖက်လိုက်မိသည်။ ဤသည်ဟာ ဒီနှစ်ထဲမှာ သူတို့အတူရှိနေနိုင်တဲ့ အချိန်အနည်းငယ်ထဲက တစ်ခုသာလျှင်ဖြစ်ပေသည်။

လင်းမြောင် တောင့်ခဲသွားသည်။ အစကတော့ ကဗျာတစ်ပုဒ် ပြန်ရွတ်ချင်ပေမယ့် အခုတော့ ကဗျာတစ်ခုလုံး မေ့သွားရပါရော။ သူမရဲ့အရိုင်းဆန်သော စိတ်တို့ နောက်ဆုံးမှာ ပြန်လည် ရောက်ရှိလာလေသည်။ အနောက်ကလူထံမှ အပူငွေ့များကို သူမရဲ့ကုတ်အင်္ကျီထူထူကို ဖြတ်ကျော်ပြီး သူမ မခံစားရနေ။ ဒါပေမယ့် သူ့အပြုအမူကြောင့် ပတ်ဝန်းကျင်က အပြောကျယ်သော လောကကြီးကို အာရုံစိုက်လို့ မရနိုင်လေတော့။

သူမနဲ့ယုကျင်းရွှမ်တို့ရဲ့ကမ္ဘာကြီးက ရုတ်ချည်း ကျုံ့သွားရသည့်နှယ်…

ဒီကေဘယ်ကားလေး တစ်ခုထဲတွင်သာ ရှိတော့သလိုမျိုး…

သူမတို့တွေ အရင်တုန်းက အကြိမ်ပေါင်းမနည်း ပွေ့ဖက်ခဲ့ဖူးကြသည်။ သူမတို့ငယ်ငယ်ကတည်းက ပွေ့ဖက်လေ့ရှိခဲ့ပြီး တစ်ယောက်ကိုတစ်ယောက် ဖွင့်ပြောတဲ့အချိန်မှာပင်လျှင် ဖက်၍ထားခဲ့ကြသည်။ ထိုကဲ့သို့ ဖက်ထားတာက နှစ်ယောက်စလုံးကို ပျော်ရွှင်မြူးထူးမှုတွေ ဆောင်ကြဉ်ပေးလာလေသည်။

ဒါပေမယ့် အနောက်ကနေ အဖက်ထားခံရတာတော့ လင်းမြောင်အတွက် ပထမဆုံးပါပဲ။ သူမရဲ့နှလုံးက အရှိန်ဖြင့်ခုန်လှုပ်နေကာ စိတ်လှုပ်ရှားနေ၏။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now