Chapter 94

3.7K 517 4
                                    

Unicode

ခွင့်ပြုချက်

ယုကျင်းရွှမ်သည် ကလေးအရွယ်ကတည်းက ကိုယ်ပိုင်စိတ်ကူးအတွေးအခေါ်ဖြင့်သာ နေထိုင်ခဲ့သည်။ ငယ်ငယ်တုန်းက မိဘများထံမှ လှစ်လျူရှုခံရမှုဟာ သူ့ထံသို့ လိုသည်ထက်ပိုသောဆင်းရဲဒုက္ခများစွာ ဆောင်ကြဉ်းပေးခဲ့သည့်အပြင် ပြန်ပေးဆွဲခံရခဲ့တာကြောင့် ယုကျင်းရွှမ်ရဲ့မိဘတွေနဲ့ အဖွားဖြစ်သူက သူ့ဘာသာ ဆုံးဖြတ်ပိုင်ခွင့်ပေးခဲ့၏။

အများကြီး လွတ်လပ်ခွင့်ရသွားစေကာမူ ယုကျင်းရွှမ်က ပရမ်းပတာဖြစ်မသွား။ မိန်းမလည်းမပွေသလို ကားပြိုင်မောင်းတာမျိုး ဒါမဟုတ် ဆိုးသွမ်းတဲ့အကျင့်စရိုက်မျိုး လုံးဝမတွယ်ညှိခဲ့။ တရားလွန်ဆုံး သူလုပ်ခဲ့သမျှဆိုလို့ အတန်းလစ်ပြီး လင်းမြောင်ရဲ့ပြိုင်ပွဲတွေသွားကြည့်တာပဲရှိသည်။ ဒါကလည်း ကြီးလေးသည့် ကိစ္စပင်မဟုတ်။

သူရဲ့နေထိုင်မှုဘဝပုံစံကြောင့် မေမေယုမှာ သားဖြစ်သူအတွက် စိုးရိမ်ပူခဲ့သည့် အချိန်ကာလတို့ ရှိခဲ့ပါ၏။ မိန်းမကောင်းမဟုတ်သူများနှင့် ချစ်ကြိုက်မိသွားမှာမျိုးပေါ့။ ထိုမိန်းကလေးတွေ တပွေ့တစ်ပိုက်ကြီး သယ်ဆောင်လာမယ့် မသေချာရာမရေရာမှုများနှင့်ယှဉ်လျှင် မျက်စိအောက်မှာပဲ ကြီးပြင်းလာပြီး နူးညံ့တဲ့စရိုက်ရှိသည့် လင်းမြောင်က အကောင်းဆုံးဖြစ်သည်။

ထို့ကြောင့် ညစာစားချိန်တွင် ယုကျင်းရွှမ်အဖေက အကြံပေးလာသည်။ “လက်ထပ်ဖို့အတွက် အရမ်းစောနေသေးတယ်ထင်ရင် မင်းတို့ စေ့စပ်ထားလို့ရတယ်လေ၊ ခုချက်ချင်း သဘောတူညီချက်ထားတာ ကောင်းမယ်”

ယုကျင်းရွှမ် “…ဒီအကြောင်းကို နောက်မှပြောရအောင် စိတ်ရှည်ကြပါဗျာ”

အကုန်လုံးက ဘာလို့ ငါ့ထက်ပိုပြီး စိတ်မရှည်နိုင်ဖြစ်နေတယ်လို့ ခံစားနေရတာပါလိမ့်?

ယုမိသားစုနှင့်ယှဉ်လျှင် လင်းမြောင်ရဲ့အမေက ပိုပြီးတော့ ရိုးရှင်းသည်။ ထို့အစား လင်းမြောင်ကိုသာ အချစ်ဇာတ်လမ်းတွေပြောပြနေလေသည်။

ရှောင်လင်းက ပြန်မလာသေး။ ထို့ကြောင့် လင်းမြောင်အမေက လင်းမြောင်နှင့်အတူလာအိပ်သည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now