(Unicode)Chapter 21: လွတ်မြောက်ခြင်း

5K 709 39
                                    

Unicode

သို့ပေမယ့် စောင့်ကြည့်ကင်မရာတွေကို ရဲတွေစစ်ဆေးကြတဲ့အခါ ကလေးပြန်ပေးဆွဲခံရတာကိုပဲတွေ့ရှိခဲ့ရသည်။ပြန်ပေးသမားတွေရဲ့ မျက်နှာပုံပေါ်မနေသလို သူတို့ရဲ့ ကားကိုလည်းမတွေ့ရ။

ယုလေးကို ပထမဆုံးမေ့လဲသွားအောင် လုပ်ပြီးနောက် ဆွေ့ဆွေ့ကိုသယ်သွားခဲ့၏။ လင်းမြောင်ငိုပြီး  အကူအညီတောင်းသော်ငြား ပန်းခြံမှာ လူအုံနေတာကြောင့် တစ်ယောက်မှမကြားခဲ့ကြ။

သူမလေး အရမ်းကြောက်နေခဲ့တာဖြစ်ပေလိမ့်မည်။ လူတွေပင်လယ်လောက်ရှိသော်ငြား မည်သူမျှ သူတို့ကိုမကယ်နိုင်ကြ။သူမ အော်ငိုပြီး အစွမ်းကုန် အကူအညီတောင်းပေမယ့် သူမကိုအတင်းဆွဲခေါ်လို့ သွားနေခဲ့သည်။နောက်တော့ ပြန်ပေးသမားတွေဟာ လမ်းထောင့်ချိုးထဲဝင်ပြီး ပျောက်ကွယ်သွားကြ၏။ ထိုနေရာမှာ စောင်ကြည့်ကင်မရာမရာတို့ရှိမနေခဲ့။

ယုမိသားစုဟာ စောင့်ကြည့်ကင်မရာတွေ အကုန်စစ်ဆေးကြည့်ရှုခဲ့ကြသော်လည်း ခုထိ သက်သေ တစ်စွန်းတစ်စမျှ မတွေ့သေး။

“သူ့ဆေးတွေမရှိဘဲနဲ့ သခင်လေးအဲ့လောက်ထိ ခံနိုင်ရည်ရှိမယ်လို့ ကျွန်တော်တပ်အပ်မပြောနိုင်ဘူး”
ဆရာဝန်မှာ သောကရောက်လျက် ဆိုလာချေသည်။

ဒါကိုကြားတော့ သခင်လေးအမေဟာ ငိုရင်း ကြမ်းပြင်ပေါ်နောက်တစ်ခေါက် ပြိုလဲကျသွားပြန်လေသည်။ အဖွားဟာ ဆရာကြီးဆီ အမြန်ဖုန်းဆက်ပြီး သူ့အကူအညီကို တောင်းခံလေသည်။

ဆရာကြီးကလည်း လက်ခံလိုက်လေသည်။ သခင်လေးရဲ့မိသားစုဆီက ကလေးရှာဖို့အတွက်နဲ့ ပိုက်ဆံတွေအများကြီး ရထားခဲ့လေသည်။ပိုအရေးကြီးတာက ထိုကလေးဟာ သူ့ရွာကဖြစ်နေခဲ့၏။

သူမကို သူကိုယ်တိုင် အိမ်တော်ထိရောက်အောင်တောင် ပို့လာခဲ့ပြီးပြီ ဖြစ်ချေရာ ကလေးနှစ်ယောက်ကို ရှာဖို့အတွက်ကတော့  သူသေချာပေါက်ကူညီပေးရမည့်ကိစ္စသာ။

ဒါတင်မကသေး သူလုပ်နေကြအတိုင်း ဘုရားသခင်ဆီမှာ ရိုးရာဓလေ့အရဆုတောင်းဖို့ ပြင်ဆင်ထားသေး၏။

ဆရာကြီးဟာ သူ့နယ်ပယ်ထဲက လူတွေကို သိထားတာများရှိသလား ခေါ်မေးလေသည်။ သူ့မှာအပေါင်းအပါတွေအများကြီးရှိပြီး သူတို့ထဲကတစ်ချို့ဟာ သခင်လေးနဲ့မွေးနေ့တူတဲ့သူကိုရှာဖို့ ကူညီပေးခဲ့ကြသူများပင်ဖြစ်ချေသည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now