Chapter 91

3.8K 538 26
                                    

Unicode

နမ်းမယ် နမ်းမယ်

လင်းမြောင် တစ်နာရီလောက်သာ အိပ်ပျော်သွား၏။ နိုးလာတော့ သူမ အိပ်ချင်မူးတူးဖြင့် ပြောလာသည်။

“ညီမလေးကျင်း နိုးပြီလား ငါတို့ လေ့ကျင့်ဖို့သွားရမယ်”

“ဘာညီမလေးကျင်းမှ မရှိဘူး ကိုကိုပဲရှိတယ်” ယုကျင်းရွှမ်က ပြုံးစိစိဖြင့်ဆိုလာသည်။

ထိုပြန်ဖြေသံကြောင့် လင်းမြောင် အလန့်တကြားနဲ့ နိုးကြားလေတော့သည်။ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ယုကျင်းရွှမ်က အပြုံးတစ်ခုချိတ်ဆွဲလျက် သူမကို ငုံ့ကြည့်နေ၏။

“လေ့ကျင့်ရေးသွားစရာလည်းမလိုဘူး။ အင်္ကျီတွေခြောက်နေပြီ မီးပုံပွဲကိုသွားကြမယ်”

ယုကျင်းရွှမ်က ချိုသာစွာပြောလာရင်း သူနဲ့လင်းမြောင်ရဲ့ အဝတ်တွေကိုပြန်ရုပ်လာကာ သူမကို ဝတ်ပေးလာသည်။

လင်းမြောင် ယုကျင်းရွှမ်ရဲ့ ရင်ခွင်ထဲမှ ရှက်ကိုးရှက်ကန်းဖြင့်ထွက်လာ၏။ နာနာခံခံဖြင့် လက်တွေကို ဆန့်ထုတ်ပေးလိုက်ကာ သူ့ကို အင်္ကျီဝတ်ပေးစေလိုက်သည်။

သူမတို့ကြက်တောင်အသင်းတွင် လင်းမြောင်က အမြဲတမ်း တခြားသူတွေကို ဂရုစိုက်တတ်၏။ ကိုကြီးဆွေ့ဆိုတဲ့  နာမည်ပြောင်က အလကား ရလာခဲ့တာမဟုတ်။ သို့သော်ငြား ကိုကို့ရှေ့တွင်တော့ သူမက ထာဝရ ဆွေ့ဆွေ့သာ...သူ့ရဲ့ဆွေ့ဆွေ့သာလျှင်ဖြစ်သည်။

ယုကျင်းရွှမ် သူမရဲ့ခေါင်းလေးပေါ် ဦးထုပ်ဆောင်းပေးလိုက်ပြီး ပြူတင်းပေါက်အပြင်ကို ကြည့်လိုက်သည်။

“အပြင်မှာ နှင်းတွေကျနေပြီ ကိုကိုတို့ ကြာကြာနေလို့တော့ မရလောက်ဘူး”

လင်းမြောင်လည်းပဲ နှင်းကျနေတယ်ဆိုတာ သိလိုက်သည်။

နှင်းပွင့်များသာ ညင်သာသည်။ နှင်းမိုးတို့သည်းထန်လျှင်တောင် နှင့်ပွင့်များက ဖြေးဖြေးသာ ကျဆင်းလျက် အောက်ဘက်မှ ကမ္ဘာမြေကြီးကို ညင်ညင်သာသာနမ်းရှိုက်၏။

လင်းမြောင်မှာ တစ်ရေးအိပ်လိုက်ရတဲ့ကျေးဇူးကြောင့် သူမရဲ့အင်အားတွေ ပြန်လည်ဖြည့်တင်းလာသည်။ သူမ ယုကျင်းရွှမ်ကို ဆွဲခေါ်ကာ လှေကားကို ပြေးဆင်းလိုက်၏။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now